12:12

1K 96 2
                                    

''Tae''

Taeသူ့ကိုစကားမပြောတာအတော်ကြာပြီဖြစ်သည်။မှတ်မိသလောက်ဆိုကိုကိုနဲ့စတွဲထဲကဖြစ်လိမ့်မည်။သူက ကိုကိုနဲ့တွဲတာ မကြိုက်ပါဘူး ဟုဆိုကာသူ့အားစကားပင်လာမပြောတော့။အခုလည်းTaeကအတန်းထဲအတူတူထိုင်နေတာတောင်သူ့အားမျက်နှာလွှဲထားလေသည်။

''Tae''

''ငါ့စကားနားမထောင်တဲ့မင်းနဲ့ငါမပြောချင်ဘူးJung Kook''

Taeနှုတ်ဖျားက သူ့အား Jung Kookတဲ့။
စိတ်ဆိုးသည့်အခါများတွင်တောင်Taeဟာ Jeonလို့သုံးနှုန်းတတ်သူ။အခုTaeဘာကိုအလိုမကျမှန်းမသိပါ။Taeကြိုက်တတ်တာများဝယ်ကျွေးပြီးချော့မြူဖို့တွေးထားပါသော်လည်း Taeကသူ့အားမကြည်နေပေ။

''Taeရယ် ကိုယ်ကသဘောကျလို့ စိတ်ဝင်စားလို့တွဲမိတာရုံပါ''

''ယောက်ျားချင်းလေ မင်းမစဥ်းစားတတ်တော့ဘူးလား ဟိုကမင်းကိုချစ်မနေဘူး မင်းဘက်ကသာ တစ်ဖက်သတ် မင်းအစားငါမကျေနပ်နေဘူး အဲ့ဒါမင်းသိလား''

''Taeကိုယ့်ကိစ္စတွေကိုမင်းခေါင်းစားခံမနေပါနဲ့ သူမချစ်လည်းဘာဖြစ်လဲ ကိုယ်ကပစ်ရုံပဲပေါ့ ခဏလောက်တော့ သူနဲ့အတူတွဲလို့ဖြစ်ပါတယ်နော်''

''မင်းသဘောလေ ငါကမင်းကသိပ်ချစ်နေပြီး ဟိုကမချစ်မှာဆိုးတာ''

''ဒီမှာTae Jeon Jung Kookရဲ့စာမျက်နှာမှာ သိပ်ချစ်တတ်တာမရှိဘူး စိတ်ဝင်စားရုံပဲဆိုတာTaeသိမှာပါ''

သူ့စကားကြောင့်Taeရေးရေးလေးပြုံးတာသူမြင်လိုက်ရသည်။Taeကသူ့အတွက်ပြောပေးနေမှန်းသူသိတာပေါ့။Taeကသူ့ကိုယ်စားသိပ်ခံစားပေးတတ်တဲ့သူ။

ဆေးစရင်းယူရန်ပါမောက္ခရုံးခန်းသို့အသွားကြားလိုက်ရသောစကားတစ်ချို့ကြောင့်ပြုံးနေရာမှချက်ချင်းမျက်နှာထားတည်သွားသူကစာသင်ဆောင်အပြင်ဘက်မှသူဖြစ်သည်။
ခံစားချက်တွေကိုရပ်တန့်လိုက်ပါလို့သူတားခဲ့တုန်းကသူက ကူးငယ်ကို မုန်းတယ် မချစ်မိပါဘူးဆိုပြီးယုံကြည်လို့လွှတ်ထားပေးခဲ့မိတာ။အခုတော့တွဲနေကြပြီတဲ့။Jiminမင်းရဲ့စိတ်သဘောထားဟာ ဘယ်အခြေနေတစ်ခုမှာရှိမှန်း မျက်ချေပြတ်သွားခဲ့ပြီ။မင်း Hyungတို့နှစ်ယောက်ကို မလိမ်လောက်ပါဘူးလို့ မျှော်လင့်မိပါသည်။

Light on meWhere stories live. Discover now