13:13

1K 91 2
                                    

ကျောင်းသွားကျောင်းလာတွေကို ငေးကြည့်နေတဲ့ကောင်လေးရဲ့လည်တိုင်ကိုမှီရင်း ကောင်လေးတစ်ယောက်ကဂိမ်းဆော့နေတဲ့မြင်ကွင်းလေးဟာကျောင်းဝန်းလေးထဲဝယ် ခပ်ဆန်းဆန်းရယ်။

အလှနတ်ဘုရားနဲ့နတ်ဆိုးတို့ပေါင်းဖက်မှုကို တစ်ချို့က အားကျကြပေမယ့် တစ်ချို့မျက်ဝန်းတွေကတော့ဖြင့် အလိုမရှိတဲ့ဟန်။

ဖိနပ်ဖြူဖြူလေးတစ်စုံဟာခုံတန်းမှာတွဲလောင်းခိုလျက်။
မြေပြင်ပေါ်ချွတ်ချထားတဲ့ဖိနပ်အမည်းလေးတစ်စုံဟာလည်းဖိနပ်အဖြူလေးကိုငေးကြည့်နေသယောင်။

နှုတ်ခမ်းထူထူလေးဟာလည်းဆူကာ ဂိမ်းဆော့နေသူအား စိတ်မရှည်လှတော့။
တစ်မနက်လုံးလောင်ကာ ''လ''တစ်လုံးကိုင်ပီးဆဲဆို လောင်နေသူအား ကြည့်ကာ သူပါလောင်လာရသည်။

ဆူနေသော နှုတ်ခမ်းလေးအား သတိထားမိသွားတဲ့ မျက်ဝန်းတစ်စုံဟာလည်း ပြုံးရိပ်သန်းသွားလေသည်။ထိုလူသားလေးသည် ဘယ်အချိန်ငေးငေး ချစ်စရာလေး။လောင်နေသည့်ကြားက ငေးမောနေမိတဲ့ အခိုက်အတန့်မှာလည်း ထိုအမျိုးသားငယ်ဟာ လှနေဆဲပါ။
လှပါတယ်ဆိုတဲ့ မျက်နှာထားပေါ်ဝယ် နှုတ်ခမ်းဆူဆူလေးက အသွင်ယူနေသည်မို့ ချစ်စဖွယ်ကလေးတစ်ယောက်နှင့်တူနေသည်။

''ကိုကို ပျင်းနေပြီလား''

''အင်း...ကူးငယ် ပြီးရင်လည်း ကိုကို အခန်းထဲသွားတော့မှာ ''

''ကျွန်တော် ဒီတစ်ပွဲပဲ ကိုကို ပျင်းရင် သွားတော့လေ ကျွန်တော်လည်းဒါပီးပြန်ပီ''

''ပြီးအောင်ဆော့ပါ ကိုကိုစောင့်ပါ့မယ်''

ကိုကို့ကိုချစ်ရသည့်အထဲတွင် အက်လို လိမ်မာတတ်တဲ့ပုံစံလေးလည်းအပါအဝင်။
ကိုကိုက သူ့ဘက်အမြဲကြည့်ပေးတတ်သည်။
သူဒေါသထွက်နေသည့်အခါများတွင်တောင် ကိုကို့အပြုံးလေးအောက် ငြိမ်းချမ်းသွားရတဲ့ နေ့ရက်တွေဟာလည်းမနဲမနောပေ။
ကောင်း၏ ဆိုး၏ ကိုကိုက တစ်ခွန်းမှ ဖွင့်မဟတတ်။ကူးငယ်စိတ်ချမ်းသာရင်ပြီးပါတယ်တဲ့လေ။ ဘယ်လောက်ချစ်စရာကောင်းတဲ့ကိုကိုလဲ။

အေးချမ်းမှူလေးအားအဝေးမှငေးကြည့်နေသော မျက်ဝန်းတစ်စုံဟာ အရောင်တွေမှိုင်းပြပြ။
သိပ်ချစ်မိတဲ့ သူက အရှုံးဆိုရင် သူဟာ ဘယ်တော့မှ နိုင်မယ့် လူစားမဟုတ်တော့ပေ။
အရင်က ဂိမ်းဆော့တိုင်း ဘေးမှာ အမြဲစောင့်ကြည့်ပေးတဲ့သူက သူမဟုတ်တော့ဘူးတဲ့လား။
ဘာမှမဟုတ်တဲ့အနေထားပြောင်းလဲသွားမှုအပေါ်လေးမှာတောင်သူသိပ်ကြေကွဲမိပါသည်။
အရာရာအားလုံးက သူ့တစ်ယောက်ထဲအတွက် ကွက်ပီး ကြေကွဲနေရသလို။
တလောကလုံးက သာယာနေလည်း Kim Tae Hyungတို့ ဘဝက သံသရာတစ်လျှောက်မှာ ကြိတ်ငိုရသူတစ်ယောက်ပါပဲ။

Light on meWhere stories live. Discover now