Jeonရဲ့ မျက်ဝန်း အစုံသည် တစ်ဖက်ဝိုင်းမှ မခွာနိုင်သည့်အခြေအနေ။
ပျော်ရွှင်ကာ စကားလက်ဆုံကျနေသော ကလေးလေးသည် စိတ်ကုန်နေပြီ ဟု ဆိုခဲ့ပါသော လူသားနှင့် လားလားမှ မဆိုင်သလို။မသိပါလျင်...သူ့ဘက်ကသာ တဖတ်သက်ကြီး ကြေကွဲနေကာ Park Jiminကတော့ နည်းနည်းလေးပင်အပြုံးမပျက်ခဲ့။
သူရှိနေသည်ကိုပင်သတိထားမိပုံမပေါ်ခဲ့။
အလင်းထဲမှပြုံးပျော်နေသူသည်လည်း ရင်ထဲတဖြည်းဖြည်းပူလောင်လာသည်။
သူသောက်မိတာဝိုင်တစ်ခွက်လေးထဲရယ်ပါ။
ပူစပ်ပူလောင်ကြီးဖြစ်ကာ နေရခက်လာသည်။
အရှေ့မှBellaက သူ့ကိုပြုံးပြုံးကြီးစိုက်ကြည့်နေပေမယ့် သူမအား ပြန်မပြုံးပြနိုင်။ရီဝေလာသောမျက်လုံးတို့နဲ့ မူးနောက်နောက်ဖြစ်လာသောခေါင်းကြောင့် စကားစပြောဖို့ပင်အားအင်တို့က ဘယ်နားပျောက်ဆုံးနေမှန်းမသိ။
ဆရာဝန်ပေးထားတဲ့ဆေးနဲ့ဝိုင်ကမတည့်ပေ။
ဒါကြောင့်များလား။
ဆိုးကျိုးကဒီလောက်ထိပြင်းထန်ပါက သူသောက်မိမည်မဟုတ်ပါ။ချွေးစချွေးနလေးများပင် နဖူးပေါ် တွဲလဲခိုလာကြသည်။ပူထူလာသော ခန္ဓာကိုယ်ကို ထိန်းချုပ်၍မရနိူင်တော့။
"Jimin ဘာဖြစ်လို့လဲ ဟင် နေမကောင်းလို့လား''
''အင်း.....ကျွန်တော်..... သိပ်အဆင်မပြေဘူး''
လက်ကလေးဖြင့်ခေါင်းကိုကိုင်ကာပြောလာသောJiminကြောင့် သူမရဲ့လုပ်ငန်းကစရတော့မည်မဟုတ်လား။
သားကောင်ငယ်သည် ဝိုင်တစ်ခွက်ထဲနဲ့တင်ပြိုလဲစွာ။ဘယ်သူကသိမှာလဲ ဝိုင်တစ်ခွက်ထဲမှာ ပြင်းပြလှစွာသော ဆေးမှုန့်တစ်ချို့ပါတယ်ဆိုတာလေ။
အဆင်မပြေစွာဖြစ်နေသော မြင်ကွင်းကို မြင်နေရသော်လည်း နေရာမှ တလှမ်းမှရွေ့မနေတဲ့ ကိုယ့်ခြေထောက်အစုံတို့အား ရိုက်ချိုးချင်စိတ်တို့ကအပြည့်။
''Bellaပြန်လိုက်ပို့မယ်လေ ယုံတယ်မလား ယူ့ကြည့်ရတာ မူးနေတဲ့ပုံ''
ပြောစရာစကားမရှိချိန် မိန်းကလေးတစ်ယောက်ရဲ့ဆွဲထူခြင်းအပေါ် ပေါ့ပါးစွာ ပါသွားတဲ့ ခန္ဓာကိုယ်ငယ်။