The end

1.9K 122 1
                                    

အပြာရောင်ခမ်းမကြီးတစ်ခု.....

ခမ်းမရဲ့အဝင်ဝမှာ နေကြာပန်းတွေအစီအရီဖြင့် ပြုလုပ်ထားတဲ့ အသည်းပုံဝင်ပေါက်လေး....

အသည်းပုံလေးရဲ့ထိပ်မှာ Jeon&Park ဆိုတဲ့ရွှေရောင်စာတန်းလေးဟာ တလက်လက်။

လျှောက်လမ်းတစ်လျှောက် အဝါရောင်ကတ္တီပါစခင်းထားကာ ဘေးတစ်ဖက်တစ်ချက်ဝယ် နေကြာပန်းစည်းတွေဖြင့်အလှဆင်ထားလေသည်။

အပြာရောင်လိုက်ကာစတွေဟာ ဟိုတစ်စဒီတစ်စဖြင့် ခမ်းမထဲတလွင့်လွင့်...။

မဂ်လာစင်မြင့်ထပ်တွင်လည်း နေကြာပန်းခင်းအစစ်သဖွယ် နေကြာပန်းလေးများစိုက်ထားသည်။

ထိုးထိုးထောင်ထောင်နေကြာပန်းကလေးများဟာ ခမ်းမရဲ့air cornလေကြောင့် ယိမ်းယိုင်ကာ လှပလျှက်။

တယောသံလေးတလွင်လွင်ဖြင့် မဂ်လာပွဲတက်ရောက်လာသူတို့ဟာလည်း တည်တည်ငြိမ်ငြိမ်ပါပဲ။

Taeနဲ့သူ့ရဲ့လူကြီးဟာ လာသမျှလူတိုင်းကိုဧည့်ခံလေသည်။Jiminရဲ့မိဘနှစ်ပါးလည်း ရောက်လာကာ Jin Hyungရော Hoseokရော Drတို့ပါ ဟိုပြေးလွှားဒီပြေးလွှားဖြင့်ဧည့်ခံကြလေသည်။

''Taeသတို့သားတွေဘက်တစ်ချက်ကြည့်ဦးမယ် ''

Taeက ပြင်ဆင်နေသော Hotelအခန်းအတွင်းသို့ဝင်လာလေသည်။

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်

''ဟယ်...''

တစ်ယောက်ကတော့ ငြိမ်ငြိမ်လေး ပြင်ဆင်နေပြီး တစ်ယောက်ကတော့ ကုတင်ပေါ်ကားယားကြီး။

''ဘယ်လိုဖြစ်လဲ Jimin''

''မသိပါဘူး Taeရယ် သူနဲ့ သူ့အင်္ကျီက မလိုက်ဖူးဆိုပြီး ကောက်သွားတာ''

''ဖြစ်ရမယ် ထ...ထ...Jeon ပွဲကနီးနေပြီကောက်ရမယ့်အချိန်မဟုတ်ဘူး''

အင်္ကျီမဝတ်ထားသော ကျောကုန်းကျယ်ကြီးအား ထုကာ Taeကပြောလေသည်။

''အပြာနုကြီးက လူဆိုးကြီးနဲ့မလိုက်ဖက်ဘူး''

''မောင်...''

အင်္ကျီမဝတ်ပဲ ဂျီကျနေသောကောင်လေးသည် မောင်ဆိုသော နှုတ်ခမ်းလေးရဲ့နောက် ကောက်ရက်နဲ့ပင်ပါသွားခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Nov 18, 2023 ⏰

Add this story to your Library to get notified about new parts!

Light on meWhere stories live. Discover now