6:6

1.2K 116 1
                                    

ဒီနေ့ကကျောင်းပိတ်ရက်တစ်ရက်ဖြစ်သည်။
အလုပ်သင်အနေနဲ့ပါးရဲ့Companyသွားရမှာမို့မနက်စောစောအိပ်ရာနိုးထလာသည်။အရင်တစ်ပတ်ကသူနေမကောင်းလို့ကျောင်းကိုခွင့်သုံးရက်မျှယူလိုက်ရသေးသည်။သူ့ရဲ့တစ်ဦးတည်းသောသူငယ်ချင်းသည်ဘာကြောင့်ကျောင်းမလာလည်းဖုန်းဆက်ဖော်တောင်မရခဲ့ပါချေ။

သူအောက်ထပ်ဆင်းလာတော့ Jin Hyungကမနက်စာပြင်ဆင်းပြီးစောင့်နေသည်။Hyungသည် အရင်ရက်များထပ်များစွာကြည့်ကောင်းနေသည်။သစ်လွင်နေသော Hyungအနားသို့ကပ်သွားကာ

''တယ်ချောနေပါလား Hyung''

''အစထဲကချောပြီးသားပဲလေ မသိတာလား''

''ဟား ဟား ဟား ဟုတ်ပါပီ''

Jin Hyungက သူ့အတွက် ကော်ဖီတစ်ခွက်ငဲ့ပေးသည်။သူလည်းJin Hyungနည်းတူ ပန်းကန်ထဲသို့ မနက်စာ ထမင်းကြော်ကိုပြန်ထည့်ပေးလိုက်သည်။ဒါကမနက်ခင်းတိုင်း ညီအစ်ကိုနှစ်ယောက်ရဲ့ ပြုမူပုံစံတွေဖြစ်သည်။

''ညနေ အိမ်ပြန်နည်းနည်းနောက်ကျမယ်နော် လိုအပ်တာလေးဝယ်ချင်လို့ Markဖက်ခနသွားမှာ ဘာမှာဦးမလဲ''

''အင်းကောင်းသားပဲ အာ့ဆို Hyung လိုတဲ့Listလေး ပို့ထားပေးမယ် ညနေပြန်မှကြည့်လိုက်တော့ ဘာလိုလည်းသေချာကြည့်ရဦးမှာမို့''

''ဟုတ်ကဲ့ အာ့ဆို ကျွန်တော်သွားပြီ''

''ထမင်းဘူးသေချာယူသွားဦး စွပ်ပြုတ်တွေမို့ ဖိတ်ကျကုန်မှာဆိုးတယ်''

''ဂရုစိုက်ပြီးကိုင်သွားပါ့မယ်''

ထမင်းဘူးယူကာသူကားပါကင်သို့ထွက်လာသည်။Hyungကတော့အိမ်ထဲမှာပန်းကန်တွေသိမ်းရင်းကျန်နေခဲ့သည်။ပါးမွေးနေ့လက်ဆောင်ပေးထားတဲ့ကားလေးသည်ယခုထပ်ထိသူသုံးနေတာငါးနှစ်နီးပါးပင်ရှိနေသည်။ရုတ်တရက်ပါးတို့ကိုသတိရလာတာကြောင့်နွေရာသီကျောင်းပိတ်ရက်လေးတော့ ပါးတို့ဆီ အလည်သွားရမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>♥

ညနေရုံးဆင်းချိန်ရောက်တော့Hyungမှာထားတာတွေသေချာကြည့်ကာမြို့ထဲဘက်သို့ကားမောင်းလာခဲ့သည်။ညနေစောင်းမို့ လူအတော်ရှုပ်လှပါသည့် မြို့လယ်ခေါင်။
ကားလေးသည် Noble Markအရှေ့တွင်ထိုးရပ်လိုက်သည်။သုံးလွှာတည်ရှိသော Markသည် သူလိုချင်တာအကုန်ရ၍ ငယ်ငယ်လေးထဲ ဒီတစ်ခုထဲကိုပဲ စွဲမြဲစွာ ေစျးလာဝယ်သည်။
တစ်ချို့တွေဆိုသူ့ကိုတောင်မှတ်မိနေကြသည်။ပုံမှန်လာဝယ်နေကျသူမို့ သူဘာလိုချင်လဲ ဘာပစ္စည်းအမျိုးအစားမှသုံးလဲ ပြောစရာမလိုအောင် စီစဥ်ပေးကြသည်။
စျေးမဝယ်ခင်ကော်ဖီသောက်ရန် ထောင့်ကျကျဆိုင်လေးတစ်ခုကိုသူရွေးချယ်လိုက်သည်။Mochaတစ်ခွက်မှာကာ အေးဆေးထိုင်နေလိုက်သည်။New Feed တွင်တက်လာသမျှ postတိုင်းကိုကြည့်မိတော့ JJKဆိုတဲ့ accရဲ့ postတွေချည်းသာ။
ဖုန်းကိုပိတ်ပစ်လိုက်သည်။ခဏလောက်တော့အဲ့လူဆိုးကိုIgnoreလုပ်လိုက်လို့ရတယ်မလား။

Light on meDove le storie prendono vita. Scoprilo ora