Part - 1

207 42 4
                                    

(Unicode)

ကျောင်း canteen မှာ ထိုင်နေကြသော Jin Hyung တို့ အုပ်စု...။  Jin Hyung တို့ အုပ်စုဆိုရင် ကျောင်းမှာ မသိတဲ့လူမရှိအောင်ကို နာမည်ကြီးသည်...။

လူငယ်သိပ္ပံပညာရှင်အဖွဲ့ရဲ့ captain ဖြစ်တဲ့အပြင် စာအတော်ဆုံးကျောင်းသားဖြစ်တဲ့ Kim Namjoon၊ နိုင်ငံအဆင့်အားကစားထူးချွန်ဆုရထားတဲ့ Jeon Jungkook၊ မျက်နှာသစ်အကောင်းဆုံးအကသမားဆုကို သုံးနှစ်ဆက်တိုက်ရထားတဲ့ Jung Hoseok နဲ့ Kim Group ရဲ့ တစ်ဦးတည်းသော သားဖြစ်သည့်အပြင် နာမည်ကြီးတက်သစ်စပန်းချီပညာရှင် Jin Hyung...။

အသီးသီးအောင်မြင်တဲ့ ပညာရှင်တွေဖြစ်တဲ့အပြင် ကျောင်းရဲ့ အကြီးဆုံးရှယ်ယာရှင်တွေရဲ့ သားတွေ စုနေကြတဲ့အုပ်စုကို မသိရင်တောင် ကျောင်းရဲ့ King လေးယောက်ကိုတော့ သိကြမှာပါ...။

ကျောင်းမှာ Jin Hyung ကို လူတိုင်းသိကြသလောက် ကျွန်တော့်ကို သိတဲ့လူက မရှိသလောက်ရှားတယ်...။ ဘာလို့လဲ~~ရှင်းပါတယ်...။ အိမ်မှာသာ Jin Hyung ရဲ့ သက်ဆိုင်သူဆိုပေမယ့် ကျောင်းမှာ ကျွန်တော်က ပညာသင်ဆုရလို့ ဒိတ်ဒိတ်ကြဲကျောင်းကို လာတတ်နေတဲ့ အချိန်ပိုင်းအလုပ်သမား ကျောင်းသားထက်မပိုဘူး...။

ဒါလည်းကောင်းပါတယ်...။ ကျွန်တော့်ဘဝမှာ တွေ့ဖူးတဲ့အတွေ့အကြုံအရတော့ လူတွေအများကြီးရဲ့ အာရုံစိုက်ခံရမှုက ဒုက္ခအကြီးကြီးကို သယ်ဆောင်လာတတ်သည်လေ...။

"Hyung ~~ရှာလိုက်ရတာာ
စာကြည့်တိုက်မှာလည်းမရှိဘူး"

စကားအကျယ်ကြီးပြောပြီး ကျွန်တော့်ဆီလျှောက်လာတဲ့ Taehyung ကြောင့် သူ့ကို ပြုံးပြလိုက်သည်...။

"Tae Tae ~~ရှေ့ကနေ မျောက်လိုအော်ပြီး ပြေးမနေနဲ့... အကုန်တိုက်ကုန်တော့မယ်"

နောက်ကနေ တဆက်တည်း ထွက်လာသည့် Jimin ရဲ့အသံ...။ နှစ်ယောက်သား ဘေးနားမှာလာထိုင်ရင်း ကျွန်တော့်ကို ဘယ်လိုလိုက်ရှာနေရကြောင်း ဘယ်လိုမောကြောင်းကို ပေါက်ပေါက်ဖောက်နေလေပြီး ကျွန်တော့်ရှေ့က အအေးဗူးကို နှစ်ယောက်သား ယူသောက်ကြသည်...။

ကျွန်တော့်ရဲ့ သူငယ်ချင်းလေးနှစ်ယောက်က အပျံသင်စငှက်ပေါက်လေးတွေလို သိပ်ချစ်ဖို့ကောင်းကြသည်...။ ပျော်ပျော်နေတတ်တဲ့ Taehyung လေးနဲ့ လူကြောက်တတ်တဲ့ Jimin လေး နှစ်ယောက်လုံးက လူချမ်းသာမိသားစုကနေ မွေးဖွားလာပေမယ့် ကျွန်တော့်အပေါ်ကျ ခင်တွယ်ကြသည်...။ သူတို့နှစ်ယောက်ဟာ တကယ်ကိုဖြူစင်တဲ့မွေးခါစ ကလေးလေးများနဲ့တူသည်...။ ကျွန်တော်နဲ့ Jin Hyung အကြောင်းကို သိထားသူများလည်းဖြစ်၏။

Without You (Completed)Where stories live. Discover now