(Unicode)
ခြံထဲမှာ တူတွေသံတွေနဲ့ အလုပ်ရှုပ်နေတဲ့ Jin Hyung ကြောင့် အပေါ်ကနေ ကြည့်နေရာကနေ ခါးကိုလက်နဲ့ထောက်ပြီး ဗိုက်ကိုထိန်းကိုင်ရင်း အောက်ကိုဆင်းလာခဲ့သည်။
"ဟယ်~သားသား တစ်ယောက်တည်း ဆင်းမလာနဲ့လေ အော်ခေါ်လိုက်တာမဟုတ်ဘူး "
လှေကားတစ်ဝက်လောက် အရောက်မှာ မာမီက တွေ့တော့ ပြောကာ အပေါ်ကို ပြေးတက်လာသည်။
"ရပါတယ် မာမီရယ် "
ကျွန်တော်ပြောတော့ ကျွန်တော်လက်ကို ထိန်းကိုင်ပေးလာကာ
"ရတယ်ဆိုပေမယ့် မာမီကတော့ စိတ်မချနိုင်ပါဘူး ~ပြီးတော့ တစ်ခုခုသာဖြစ်ရင် အိမ်ကအဘိုးကြီးက မာမီကို ဆူလို့ပြီးမှာမဟုတ်ဘူး သားကိုစိတ်မချလို့တောင် အိမ်ကိုတဂျီဂျီခေါ်နေတာ "
လက်ကိုတွဲကာ ဆင်းရင်းနဲ့ ပြောလာတဲ့ မာမီကြောင့် ကျွန်တော်ရယ်လိုက်သည်။ ဒယ်ဒီရဲ့ တောင်းဆိုချက်ကြောင့်မို့ Jin Hyung ဒယ်ဒီရဲ့အိမ်မှာ လာနေနေတာ နှစ်လလောက်ရှိတော့မည်။
ခြံထဲထိ မာမီက တွဲခေါ်ပေးသည်။ Jin Hyung ကတော့ ကျွန်တော်ရောက်လာတာကိုတောင် မသိသေးဘဲ အလုပ်တွေရှုပ်နေဆဲ..
"Jin Hyung ~~လက်ခိုက်မိအုံးမယ် "
လွှကိုကိုင်တဲ့ အချိန်မှာ ကျွန်တော်ပြောလိုက်တော့မှ မော့ကြည့်လာကာ
"ငယ်~~ဘယ်တုန်းကရောက်နေတာလဲ "
အံသြတကြီးမေးလာတဲ့ Jin Hyung က ဒီရက်ပိုင်းမှာ ကလေးငယ် ကနေ ငယ် ဟု ပြောင်းခေါ်တတ်နေသည်။
"အခုမှ Jin Hyung အလုပ်မသွားပဲ ဘာတွေလုပ်နေတာလဲ သိချင်လို့ ဆင်းလာကြည့်တာ "
သူက ဘေးနားက အဝတ်တစ်ခုကိုယူပြီး လက်ကိုသုတ်လိုက်ကာ
"Gallery က အကုန်ပြီးသွားပြီလေ~အဲ့ဒါကြောင့် "
သူအဖြေအဆုံးမှာ သူလုပ်နေတဲ့ သစ်သားပုံကိုလက်ညိုးထိုးပြကာ
"ဒါက ဘာလဲ "
ကျွန်တော်မေးတော့ သူကရယ်သည်။ ပြီးမှ
"ပုခက်လေ ကိုယ်တို့ကလေးလေးအတွက် ပုခက်လုပ်ပေးမလို့ "
"လုပ်တတ်လို့လား "
YOU ARE READING
Without You (Completed)
Fanfictionမင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by AchanN