Part - 9

181 34 3
                                    

(Unicode)

"Seokjin Hyung ~"

ကားရပ်လိုက်တော့ hotel ထဲကနေ ထွက်လာတဲ့ Namjoon...။

"ဆရာဝန်ရောက်နေပြီလား~"

အနောက်က ကောင်လေးကို ပွေ့ချီရင်း Namjoon ကိုမေးလိုက်သည်။

"ရောက်ပြီ Hyung ~ကျွန်တော်ခေါ်ခဲ့မယ် အခန်းထဲသွားနှင့်လိုက်"

ကောင်လေးကို ပွေ့ချီရင်း hotel ထဲဝင်သွားတော့ ဟိုတစ်စု ဒီတစ်စုဖြစ်နေကြတဲ့ ကျောင်းသားတွေက ကြည့်လာတာကြောင့် ကောင်လေးမျက်နှာကို ကွယ်အောင်လို့ ကိုယ်နဲ့ပိုကပ်ပြီး ချီလိုက်ပြီး အပေါ်ထပ်သို့ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ အခန်းဝရောက်တော့ စောင့်နေကြတဲ့ Jimin တို့ကို ကျော်ပြီး အခန်းထဲက အိပ်ရာပေါ်မှာ ကောင်လေးကိုချပြီး စောင်ခြုံပေးလိုက်၏။

"Hyung ~ဆရာဝန်လာပြီ"

ဆရာဝန်ခေါ်လာတဲ့ Namjoon ရဲ့စကားကြောင့် ဖယ်ပေးလိုက်တော့ဆရာဝန်က စမ်းကြည့်ကာ

"အအေးမိတာ တော်တော်ပြင်းတာပဲ... သေချာဂရုစိုက်ပါ... ကိုယ်ပူတာနဲ့ ရေပတ်တိုက်ပေးပါ... အစာမာတာတွေမကျွေးနဲ့အုံး... သောက်ဆေးတွေပေးထားခဲ့တယ်... အခုတော့ ဆေးချိတ်ပေးထားမယ်"

ဆေးချိတ်ပေးပြီး ဆရာဝန်က မှာစရာရှိတာ မှာပြီးထွက်သွားသည်။

"Yoongi Hyung ~~"

Taehyung က ကောင်လေးနဖူးပေါ်လက်တင်မလို့ လုပ်နေတာကြောင့် ကျွန်တော်ရပ်လိုက်ပြီး

"ကိုယ်တွေပူနေတာ ရေပတ်တိုက်ပေးရအုံးမယ် Kim Taehyung~ ငါတို့အခန်းထဲက ထွက်ပေးပါ"

ထိုအခါ Taehyung က ကျွန်တော့်ကိုကြည့်ပြီး ခနဲ့တဲ့တဲ့ရယ်လာသည်။

"ဘယ်သူကြောင့်လဲ~"

ကျွန်တော်နားမလည်သလိုကြည့်လိုက်တော့ သူကပြန်ကြည့်လာသည်။

"Hyung က ဘာလို့ဒီအချိန်ကြီးထိ အပြင်မှာရှိနေတာလဲ ခင်ဗျားသိလား... ခင်ဗျားကိုစောင့်နေတာ! ခင်ဗျားက တွေ့ရအောင်ပြောတယ်ဆိုပြီး ခင်ဗျားကောင်မ Yu Hanna က ပြောခိုင်းလိုက်လို့ Hyung အခုလိုဖြစ်နေတာ~သိလား!"

ကျွန်တော် Taehyung ရဲ့ အင်္ကျီလည်ပင်းစကို ဆွဲကိုင်လိုက်မိသည်။

Without You (Completed)Where stories live. Discover now