Part - 5

195 34 4
                                    

(Unicode)

Yoonji လေး ဆေးရုံတက်နေတာ လေးရက်လောက်ကြာတော့ ဆင်းသည်...။ ဆေးရုံစရိတ်သွားရှင်းတော့ အခမဲ့ကုသပေးသည်တဲ့...။ စိတ်ထဲမှာ အလိုမကျတာမို့ ဘေးနားမှာထိုင်နေတဲ့ Tae ကို လှမ်းပြောလိုက်သည်...။

"Tae~~"

Tae ကို လှမ်းခေါ်တော့ သူကမေးဆတ်ပြ၏။

"ဆေးရုံစရိတ်~မင်းတို့ရှင်းသွားတာလား"

သူ့ကခေါင်းခါပြပြီး မေးလာသည်...။

"မဟုတ်ပါဘူး~ဘာလို့လဲ"

"အခမဲ့တဲ့"

"အခမဲ့~~"

သူကလည်း အံသြသလိုပြောတာကြောင့် ခေါင်းညိမ့်ပြပြီး ထောက်ခံလိုက်သည်...။

Tae လည်း Yoongi ပြောတဲ့ ဆေးရုံစရိတ်အခမဲ့ဆိုတာကို စဉ်းစားမိသည်...။ သူတို့သွင်းခဲ့တာက နှစ်ရက်စာသာမို့ သေချာပေါက်လိုမည်ကို ဖုန်းလည်းထပ်မဆက်ပါပဲ ဆေးရုံစရိတ်က အခမဲ့တဲ့လား...။ ဒီလောက်ကြီးတဲ့ဆေးရုံကြီးက အခမဲ့တော့မဖြစ်နိုင်...။

"Jiminnie က အတန်းထဲလာခဲ့တော့တဲ့"

စဉ်းစားနေရင်းကနေ အိတ်ထဲမှဖုန်းက မြည်လာတာကြောင့် ဖုန်းကိုယူနေစဉ် Yoongi Hyung ကလည်း သူ့ဖုန်းကို ထုတ်ကြည့်ကာ ပြောလာတာကြောင့်  ခေါင်းညိမ့်ပြတော့ သူကထွက်သွားသည်...။

"ဟယ်လို~ဘယ်သူလဲ"

"ဘယ်သူ~~Jungkook "

ကြားဖူးသလိုရှိတာကြောင့် စဉ်းစားမိတော့မှာ ခေါင်းထဲပေါ်လာတာကို ရေရွတ်လိုက်မိသည်...။

"အော်~~ဟိုနှာဘူး!!"

~~~~~~~~

Tae က ဖုန်းပြောရင်းကျန်ခဲ့တာကြောင့် အတန်းထဲအရင်ဝင်လိုက်တော့  Jiminnie က သူ့အနားအတင်းခေါ်ကာ လက်ကိုဆွဲပြီး ထိုင်ခိုင်းစေသည်...။

"Tae Tae ရော~~"

"နောက်မှာပါတယ်... ဘာလို့လဲ"

"ကျောင်းက လေ့လာရေးခရီးသွားမယ်တဲ့... လိုက်ခဲ့ပါ့လား"

ကျောင်းကခရီး...ကျွန်တော်ခေါင်းခါပြလိုက်၏။

"တော်ပြီ ~မလိုက်တော့ဘူး Jiminnie ရဲ့... Hyung မှ မအားတာ"

Without You (Completed)Where stories live. Discover now