Part - 11

168 25 3
                                    

(Unicode)

ကျောင်းပိတ်ရက်တွေကုန်ဆုံးသွားပြီမို့ ခြေလှမ်းများကို ကျောင်းဘက်သို့ ပျင်းရိစွာဦးတည်မိသည်...။ ကျောင်းထဲကိုဝင်တော့ ကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့ မျက်လုံးများက ကျွန်တော့်ဆီသို့ရောက်လာတာကြောင့် ခေါင်းကိုငုံ့ကာ လမ်းကိုခပ်သွက်သွက်လျှောက်လိုက်၏။ ဘာလို့များကြည့်နေကြတာပါလိမ့်~။

အတန်းထဲဝင်လာတော့ Tae လေးတို့ မရောက်သေးလို့ ကိုယ့်နေရာကိုကိုယ်ဝင်ထိုင်ရင်း Taeလေးတို့ကို စောင့်နေမိသည်...။ ကောင်စုတ်လေးတွေ ပြောတော့ အစောကြီးလာမှာဆိုပြီး~။ မလာသေးတဲ့နှစ်ယောက်ကိုစောင့်ရင်း ထုတ်ထားတဲ့စာအုပ်ပေါ်ခေါင်းတင်ကာ အိပ်ဖို့ရာကြံစည်လိုက်သည်...။

"Hyung ~"

Jiminnie ရဲ့အသံကြောင့် ခေါင်းထောင်ကြည့်လိုက်တော့ သူတို့နှစ်ယောက်က လက်ကိုဆွဲလာ၏။

"Hyung ထ ကျွန်တော်တို့ အပြင်သွားရအောင်"

နာရီကြည့်လိုက်တော့ စာသင်ချိန်စဖို့ ဘယ်လောက်မှမလိုတော့တာကြောင့် ပြန်မေးလိုက်သည်...။

"ဘယ်ကိုလဲ Jiminnie ရဲ့ ~"

ကျွန်တော့်အမေးကို မဖြေဘဲအတင်းဆွဲခေါ်နေတဲ့  Jiminnie ကြောင်း လက်ကိုရုန်းကာ~

"ဘယ်ကိုလဲလို့မေးနေတာကို ပြန်မဖြေဘဲနဲ့"

ကျွန်တော်ပြောတော့ Tae က  သက်ပြင်းချကာ ပြောလာသည်...။

"ပြီးရင်ပြောပြမယ် ကျွန်တော်တို့နဲ့အရင်လိုက်ခဲ့အုံး"

Tae ရဲ့စကားကိုသေချာနားမလည်ပေမယ့် တစ်ခုခုစိတ်ရှုပ်စရာရှိနေသလိုဖြစ်နေတာကြောင့် သူတို့နောက်ကို လိုက်ရင် အခန်းဝရောက်တော့ Hanna ကို တွေ့လိုက်ရသည်...။

"Min Yoongi ~ဘယ်လိုလဲ သူများရည်စားကို ကြောင်တောင်နှိုက်ရတော့ ပျော်နေတာလား "

ရပ်ပြီးမေးနေတဲ့ Hanna ကြောင့် ခြေလှမ်းတွေက ရပ်တန့်ကုန်သည်...။

"Seokjin Oppa ကို ဘယ်လိုတွေများ ဆွဲဆောင်လိုက်တာလဲ~"

တစ်တန်းလုံးက ဝိုင်းကြည့်လာပြီး တိုးတီးပြောနေကြတဲ့အသံတွေကို ကြားမိပါရဲ့...။

Without You (Completed)Where stories live. Discover now