Extra

124 20 2
                                    

(Unicode)

အိပ်ရာကနေ ထ,ထချင်းမှာတောင် နှုတ်ခမ်းပါးတွေကနေ ဖြစ်တည်မိတဲ့ အပြုံးတွေရဲ့ တရားခံဟာ ရင်ခွင်ထဲ၌ မျက်နှာအပ်ကာ အိပ်ပျော်နေသော ချစ်ရသူကြောင့်။ ချစ်ရသူကလေးငယ်သည် သူကျွန်တော့်အနားမှာ ရှိတာနဲ့တင် ကျွန်တော့်ကိုပျော်ရွင်စေသော စွမ်းအားကို ပိုင်ဆိုင်ထားပုံပင်။

အချိန်တွေကြာသွားသော်လည်း အချစ်မလျော့ရပါပဲ ကျွန်တော့်မျက်စိထဲ၌ ကလေးငယ်ဟာ တနေ့တခြား ပိုပိုပြီးချစ်စရာကောင်းကောင်းလာတာက ကျွန်တော့်ရဲ့ ရောဂါတစ်ပါးပင်။ ကျွန်တော်အမြတ်တနိုး မွေးထားပါသော ကျွန်တော့်ရဲ့ တစ်ခုတည်းသော ရောဂါ။ ထိုရောဂါရဲ့ side affect ကတော့ ကလေးငယ်ကို တနေ့မမြင်ရရင် နေထိုင်မကောင်းလောက်အောင် လွမ်းရခြင်းပင်။

ကျွန်တော့်ရင်ခွင်မှာ မျက်နှာအပ်ပြီး အိပ်နေတဲ့သူ ကလေးငယ်ရယ် အသက်ရှုမကြပ်ဘူးလားဆိုတော့ Jin Hyung ရဲ့ ကိုယ်သင်းနံက မွှေးတယ်တဲ့။ သူသည် အဲ့လိုလည်း မသိမသာ ချွဲတတ်သေးသည်။

ကိုယ်ကို ဘေးလေးအသာစောင်းကာ ကလေးငယ်၏မျက်နှာကို တစ်ခုချင်းစီလိုက်ကြည့်မိနေသည်။ မမြင်ဖူး၍မဟုတ်။ ဘယ်ချိန်ကြည့်ကြည့် မရိုးသွားဘဲ ဆန်းကြယ်ခြင်းတို့ ပိုင်ဆိုင်ထားတဲ့ ကလေးငယ်ရဲ့ မျက်နှာ။

အခုချိန်အထိ တွေ့ရတာများလာသည့်တိုင် ကျွန်တော့်နမ်းနေကျ ထိုနှုတ်ခမ်းပါးလေးများသည် စွဲမက်စရာကောင်းတုန်း။ မျက်လုံးလဲ့လဲ့လေးများက ငေးကြည့်ချင်စရာကောင်းတုန်း။ ပါးအိအိလေးများက မွှေးကြူချင်စရာကောင်းတုန်းပင်။

ကလေးငယ်ရဲ့မျက်နှာကို သေချာလိုက်ကြည့်ရင်း ကျွန်တော်တွေးမိတာက ချစ်ရသူကလေးငယ်သည် လူသားမဖြစ်နိုင်။ ပြီးပြည့်စုံမှုတွေကို အကုန်ပိုင်ဆိုင်ထားလို့ နတ်မင်းကြီးက နယ်နှင်ဒဏ်ပေးခံရ၍ ကမ္ဘာပေါ်သို့ နတ်သက်ကြွေကာ ဆင်းသက်လာရသော နတ်သားတစ်ပါးပင် ဖြစ်လိမ့်မည်။ သိပ်လှရက်တဲ့ နတ်သားငယ်လေး။ သို့မဟုတ်စေကာမူ ကျွန်တော့်ဘဝရဲ့ တစ်ဦးတည်းသော နတ်သားငယ်။

လက်မောင်းပေါ် ခေါင်းအုံးအိပ်နေတာကြောင့် တစ်ချက်ရှေ့ကိုဆူနေတဲ့ နှုတ်ခမ်းလေးအား နမ်းလိုက်တော့  မျက်မှောင်ကြုပ်သွားတာကြောင့် နှာခေါင်းလေးကို လက်နဲ့အသာညစ်လိုက်တော့ အင်းအဲလုပ်ကာ တခြားဘက်ကို လှည့်အိပ်သွားတဲ့သူ။

Without You (Completed)Onde histórias criam vida. Descubra agora