(Unicode)
အချိန်ပိုင်းအလုပ်က အဖွားတို့ကိုသွားကူပေးရင်းနဲ့ ကျောင်းချိန်နီးသွားတာကြောင့် လမ်းကိုခပ်သွက်သွက်လျှောက်မိသည်...။ အဘွားတို့ကတော့ ရပါတယ်ပြောပေမယ့် ပျက်တာများထားလို့ သွားကူပေးနေရင်း နောက်ကျသွားသည်...။
"ဟာ~~ကား~~နေအုံး"
ဘေးနားကနေဖြတ်သွားတဲ့ bus car ကြောင့် အမြန်ပြေးလိုက်သော်လည်း bus car က ထွက်သွားပြီ~။ အင်းလေ ~ဒီလောက်အချိန်ကတန်ဖိုးရှိနေတဲ့ခေတ်ကြီးမှာ ဘယ်သူက ကိုယ့်ကိုစောင့်ပေးမှာလည်း Min Yoongi တကယ်ပါပဲ~။
စိတ်ပျက်လက်ပျက်နဲ့ bus car စောင့်တဲ့နားက ခုံတန်းလေးပေါ်မှာ ထိုင်လိုက်သည်...။ ဒီတိုင်းနောက်ထပ်တစ်စီးသာ ထပ်စောင့်လို့ကတော့ နာရီဝက်လောက်ထပ်ကြာအုံးမှာပဲ...။ ပထမဆုံးအချိန်က အရေးကြီးတာပါဆို~။ နောက်ထပ်လာမည့်ကားကိုစောင့်နေရာကနေ ထိုးရပ်လာတဲ့ ပြိုင်ကားလေးကြောင့် ကြည့်လိုက်မိတော့ Jin Hyung ရဲ့ကားပင်...။
"Yoongi ~ဘာလုပ်နေတာလဲ"
ကားမှန်ကိုချကာ မေးလာတဲ့ Jin Hyung ကို ရယ်ပြလိုက်၏။
"Jin Hyung ~~"
"ဘာလုပ်နေတာလဲ"
"ကားစောင့်နေတာ ~ခုနက လွတ်သွားလို့"
လည်ပင်းကိုလက်နဲ့ပွတ်ကာ ပြောနေတဲ့ ကျွန်တော့်ကိုကြည့်ပြီး Jin Hyung က ရယ်သည်...။
"တက်~"
သူ့ဘေးကခုံကို မေးဆတ်ပြပြီး တက်ခိုင်းနေတဲ့ Jin Hyung ကြောင့်
"ဗျာ~"
"တက်လို့ ကျောင်းမနောက်ကျချင်ဘူးမလား"
ကားပေါ်တက်ခိုင်းနေတဲ့ Jin Hyungကြောင့် သူ့ဘေးနားကိုခုံပေါ်ကို ထိုင်လိုက်သည်...။ နို့မို့ဆို သူရဲ့အလိုမကျမှုတွေနဲ့ ကြုံလာနိုင်သည်...။ ကျွန်တော် Jin Hyung ရဲ့ အလိုမကျမှုတွေကို သဘောမကျပါ...။
ကားပြတင်းပေါက်ဘက်ကိုကြည့်ရင်း ကိစ္စတချို့ကိုတွေးမိကာ သက်ပြင်းချမိသည်...။ အဒေါ်လေးဆီကိုလည်းသွားရအုံးမည်...။ ပိုက်ဆံပုံမှန်ပို့ပေးနိုင်ပေမယ့် လူကိုယ်တိုင် သွားမတွေ့ဖြစ်တာကြာပြီလေ ~။ ဒီရက်ပိုင်းအတွင်းတော့ သွားတွေ့ဖြစ်အောင်တွေ့ရအုံးမည်...။
YOU ARE READING
Without You (Completed)
Fanfictionမင်းမပါတဲ့ငါ့ဘဝက အသက်မဲ့လွန်းတယ် Yoon~ ကျွန်တော်က အကို့ရဲ့တောင်ပံတစ်စုံဖြစ်ပေးမှာပါ~ A YoonJin story by AchanN