Part - 12

197 30 2
                                    

(Unicode)

ရေဗူးယူပြီး အခန်းထဲပြန်ဝင်ခါနီး ကြားရတဲ့ ညည်းသံသဲ့သဲ့ကြောင်း တစ်ဦးတည်းရှိသည့် ကောင်ငယ်လေးအခန်းကို သွားကြည့်မိသည်...။

"မလုပ်ပါနဲ့~အဟင့် ~ကျွန်တော်မဟုတ်ဘူး~မဟုတ်ဘူး ~ဟင့်"

အခန်းတံခါးဆွဲဖွင့်လိုက်တော့ ရှိုက်ကြီးတငင်ငိုပြီး ယောင်နေတဲ့ ကောင်ငယ်လေးကြောင်း သူ့နားကိုသွားကာ.....

"Yoongi ~~Yoongi ~ဘာဖြစ်လို့လဲ~ဘာဖြစ်တာလဲ"

ပခုံးကိုလှုပ်ကာနိုးလိုက်တော့ မျက်ရည်တွေနဲ့ကောင်လေးက ကျွန်တော့်ကိုအတင်းဖက်တွယ်လာသည်...။

"ကျွန်တော့်ကိုပိုင်းလုံးတဲ့ မဟုတ်ပါဘူး Jin Hyung ရယ်~အဟင့် ကျွန်တော်လေ ကျွန်တော်တစ်ခါမှ အဲ့လိုစိတ်မျိုးမရှိပါဘူး~Jin Hyung ပေါ်မှာ တစ်ခါမှ အဲ့လိုစိတ်မျိုး မထားခဲ့ပါဘူး "

မျက်ရည်တွေကျကာ ပလုံးပထွေးပြောနေတဲ့ ကောင်လေးကြောင်း  ပြန်ပွေ့ဖက်ကာ ကျောလေးကို ပုတ်ပေးမိ၏။

"ကိုယ်သိပါတယ် ~မငိုနဲ့တော့ ~ကိုယ်သိတယ်~"

ကျောကိုပုတ်ကာချော့ပေးတော့ ရင်ခွင်ထဲမှာပင် တဖြည်းဖြည်းတိတ်ဆိတ်ပြီး ပြန်အိပ်ပျော်သွားတဲ့ ကောင်ငယ်လေးကို ကြည့်ရင်း သူ့အပေါ်မှာရှိတဲ့ အားနာစိတ်က ပိုပြီးကြီးထွားလို့လာပြန်သည်...။ ကျွန်တော့်ပါးစပ်ဖျားလေးကနေ ပြောလိုက်တဲ့ စကားလုံးတွေက ကောင်ငယ်လေးရဲ့ အိမ်မက်ထဲထိ လိုက်ခြောက်လှန့်လိမ့်မယ်လို့ မထင်ထားမိတာ အမှန်ပါ...။

အခုတော့ ကျွန်တော့်စကားတွေကြောင့် ကောင်ငယ်လေးရဲ့ညတွေဟာ ခြောက်ခြားစရာအတိ ဖြစ်နေပြီလေ~။ ငြိမ်သက်စွာအိပ်စက်သွားပေမယ့် ကျွန်တော့်အင်္ကျီစကို တင်းနေအောင်ဆွဲထားတဲ့ ကောင်လေးရဲ့လက်တွေကို ဖြေချဖို့ရာ မတွေးမိခဲ့ပါ~။

~~~~~~

အိပ်စက်ခြင်းမှ လွတ်မြောက်စဉ် နှာခေါင်းထဲရောက်လာသော စတော်ဘယ်ရီနံသင်းသင်းကို ထူးဆန်းစွာရှုရှိုက်မိသည်...။ ထိုအနံ့ဟာ ကျွန်တော့်အိပ်ရာက အနံ့မဟုတ်တာကြောင်း အလန့်တကြား မျက်စိဖွင့်ကြည့်တော့ တွေ့လိုက်ရတာက အမဲရောင်ခေါင်းလုံးလုံးလေး...။ ဘေးဘီကိုကြည့်မိတော့ ဒါဟာ Yoongi အခန်းပင်...။ မနေ့ညလယ်လောက်က ဖျားချင်သလိုဖြစ်နေတဲ့ ကောင်ငယ်လေးကို စောင့်ပေးနေရင်းကနေ ကျွန်တော်ပါ ရောယောင်ပြီး အိပ်ပျော်သွားတယ် ထင်သည်...။

Without You (Completed)Where stories live. Discover now