Part - 10

179 27 1
                                    

(Unicode)

ဒီနေ့ Kim အိမ်တော်ရဲ့ မိဘမဲ့ကျောင်းအလှူတစ်ခုကြောင့် ကျွန်တော်လည်း မိဘမဲ့ကလေးလေးတွေရှိရာသို့ လိုက်ရမည်တဲ့။ အချိန်ပိုင်းအလုပ်က အဘွားကို အားနာစွာနဲ့ပင် လှမ်းခွင့်တိုင်ရသေးသည်။ အဘွားကတော့ ကြည်ကြည်ဖြူဖြူပဲခွင့်ပေးသည်။

"Yoongi ~သွားရအောင်~"

အခန်းတံခါးကိုခေါက်ပြီး ပြောလာတဲ့ Jin Hyung ကြောင့် ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်ကာထွက်လာခဲ့သည်။ ခရီးကပြန်လာပြီးနောက်ပိုင်း Jin Hyung နဲ့ ကျွန်တော်ရဲ့ဆက်ဆံရေးက တိုးတက်လာတယ်လို့ ပြောရမည်။ သိပ်ကြီးအဆင်ပြေနေတာမျိုးမဟုတ်ပေမယ့် အရင်ကလို ကတောက်ကဆသိပ်မဖြစ်တော့။

~~~~~~~

Seoul မြို့နဲ့အနည်းငယ်လှမ်းတဲ့မြို့လေးမှာတည်ရှိတဲ့ church ကျောင်းက ဦးစီးထားတဲ့ မိဘမဲ့ကျောင်းလေး။ Jin Hyung ရဲ့ကားကိုရပ်လိုက်တော့ ကလေးလေးတွေကပြေးလာကြသည်။

"Seokjin Hyung ~~လာပြီကွ! "
"Seokjin Oppa!~"

Jin Hyung ကားပေါ်ကဆင်းတာနဲ့ Jin Hyung ကိုယ်ပေါ်ကို ဖက်ယက်ပြီးတက်နေတဲ့ကလေးလေးတွေနဲ့ ပြုံးရယ်ပြီးနှုတ်ဆက်နေတဲ့ Jin Hyung က သိပ်ရင်းနှီးပုံရတယ်။

"သားက Seokjin လေးရဲ့ ကောင်လေးထင်တယ်"

ဘေးနားကနေ လာနှုတ်ဆက်တဲ့ sister ကြီးကြောင့် ရယ်ပြီးပြ ခေါင်းညိမ့်ပြလိုက်သည်။

"ဒယ်ဒီတို့ရော ~စားဖိုဆောင်မှာလား sister ကြီး"

ကျွန်တော်တို့ဘက်ကို လျှောက်လာပြီးမေးနေတဲ့ Jin Hyung ကို sister ကြီးက ခေါင်းငြိမ့်ပြပြီး

"Jin လေးက အချောလေးကို တွေ့ထားတာပဲ။။။ သားငယ်လေးက တော်တော်လေးချစ်စရာလေးကောင်းတာပဲ~"

စကားပြောပြီး စားဖိုဆောင်ဘက်ကိုထွက်သွားတဲ့ Jin Hyung တို့ရဲ့ နောက်ကနေလိုက်ရင်းနဲ့ Jin Hyung ကိုကြည့်မိသည်။ ရယ်မောပြီးစကားပြောနေတာက သိပ်ချောသည်ဟု တွေးမိ၏။

"သား~~"

"မာမီ~"

Jin Hyung ရဲ့အမေက ကျွန်တော်တို့ကိုတွေ့တော့ လက်ထဲကထမင်းဝေနေတဲ့ ဇွန်းကိုချပြီး Jin Hyung ဆီကိုလာပြီး ဖက်သည်။ သူကတော့ အေးတိအေးစက်နဲ့ ပြုံးရုံသာပြုံးပြသည်။

Without You (Completed)Tempat cerita menjadi hidup. Temukan sekarang