Part - 21

170 26 1
                                    

(Unicode)

"Jin Hyung ~~"

တံခါးကိုဖွင့်ဖွင့်ချင်း အသံကြားလို့ ကလေးငယ်ကိုကြည့်လိုက်တော့ လက်နှစ်ဖက်ကိုဆန့်ကာ သူ့နားကိုလာခိုင်းနေသည်။ အနားကိုသွားပြီး ကုတင်ပေါ်ထိုင်လိုက်တော့ လက်နဲ့အတင်းတွယ်ကပ်ကာ ရင်ခွင်ထဲတိုးဝင်နေတဲ့ ကလေးငယ်။

"နေကောင်းလား ကလေး"

ကျွန်တော်မေးတော့ ဖွက်ထားတဲ့ခေါင်းနဲ့ တိုးဝှေ့လာပြန်တယ်။

"ဟွန့်အွန်း ~~"

"နေလို့မကောင်းသေးဘူးလား "

ဆံပင်လေးတွေကို ဖွရင်း မေးလိုက်သည်။

"အွန်း ~~"

"ကြည့်ရအောင် "

"အဟွန့် "

ကြားရတဲ့ အီသံလေးကြောင့်

"မကြည့်နဲ့လား "

"အွန်း~"

ဒီရက်ပိုင်း ကိုယ်ဝန်ကရင့်လာတာကြောင့် ကလေးငယ်လေးက နေမကောင်းလို့ အီနေတတ်သည်။ မနေ့ညကလည်း ခြေထောက်တွေကိုက်နေတာကြောင့်ရယ် ရင်ဘက်တွေအောင့်နေတာကြောင့်ရယ်နဲ့ သူခမျာ ကောင်းကောင်းမအိပ်ရရှာဘူး။

"လာပါ မျက်နှာလေးကြည့်ရအောင် "

မျက်နှာကိုလက်နဲ့မော့မလို့လုပ်တော့ အမော့မခံပဲ အတင်းရင်ခွင်ထဲကို ဖွက်ထားပြန်တဲ့ကလေးငယ်ကြောင့် ခေါင်းလေးကိုသာ သာသာလေး နမ်းလိုက်သည်။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်ကလည်းယောင်ပြီး အသားလေးတွေက နာလာတာကြောင့် အတင်းမလုပ်ရဲ။ တော်ကြာ အသားလေးတွေ နာကုန်မှစိုးတယ်။

"ရင်ဘက်တွေရော အောင့်နေသေးလား "

ရင်ခွင်ထဲကနေ ခေါင်းငြိမ့်ပြလာသည်။

"လာ လာ ထ ~ ကိုယ် ရေနွေးလေးစပ်ထားတယ် မာမီကိုမေးတော့ ရေနွေးနဲ့ ရေချိုးလိုက်ရင် နည်းနည်းသက်သာတယ်တဲ့ လာ "

ဆံပင်လေးတွေဖွကာ ပြောတော့ မော့ကြည့်လာတဲ့ ပါးဖောင်းဖောင်းလေးကို နမ်းရှိုက်မိပြန်သည်။

"ချီရမလား "

"အွန်း ~~ချီ~"

သူ့ရဲ့စကားအဆုံးမှာ ကုတင်ပေါ်ကနေ ပွေ့ချီကာ ခေါ်သွားပြီး ရေချိုးခန်းက ဘေစင်ပေါ်မှာ ချပေးကာ ရေချိုးဖို့ရာလုပ်နေတာကို စူပုတ်ပုတ်လေးနဲ့ ကြည့်နေတဲ့ကလေးငယ်။

Without You (Completed)Where stories live. Discover now