Part - 23 (Final)

116 14 0
                                    

(Unicode)

ကလေးငယ်ဟာ ဒီရက်ပိုင်းမှာ ပိုပိုပြီး ချောလာသည်။ ကျောင်းမှာပဲ Tutor ပြန်လုပ်နေတဲ့ ကလေးငယ်က အရင်ကလို hoodie ပွပွကြီးတွေအစား Shirt လေးတွေကို ပြောင်းဝတ်လာသည်။ Tutor တစ်ယောက်အတွက် ထိုအဝတ်အစားကသာ သင့်လျော်တယ်ဆိုပေမယ့် ကလေးငယ်ချောတာကို ပိုပြီးပေါ်လွင်စေနေတာက ကျွန်တော့်အတွက် စိတ်မသက်မသာဖြစ်ရပါသည်။

အခုလည်း အမည်းရောင်ဆွယ်တာ လည်ပင်းအပိတ်လေးပေါ်မှာ အမည်းရောင် long coat ထပ်ဝတ်ထားပြီး ဆရာတစ်ယောက်ရဲ့ ပုံစံရရန် ပါဝါနည်းတဲ့ မျက်မှန်လေးကို တပ်ထားသေးသည်။

"Yar~~အူကျူး မင်း PaPa သိပ်ချောလာပြီး ပဲများလာတယ် မထင်ဘူးလား "

Seokjin ကားထဲကနေ အပြင်ကိုကြည့်ကာ အနောက်မှာ ထိုင်နေသော သူ့သားလေးကို လှမ်းပြောလိုက်သည်။

"Daddy ထင်ရို့ပါ  တားPaPa က အရင်ကရယ်က ချောတာကို "

အနောက်က ထိုင်ခုံမှာ ထိုင်ရင်း သူ့PaPa ကိုကြည့်ကာ ပြောလာသော Yoonjin လေးကြောင့် Seokjin နှာခေါင်းရှုံပြီး ရယ်လိုက်သည်။ သုံးနှစ်ကျော်ထဲရောက်နေပြီ ဖြစ်တဲ့သားက စကားသိပ်မပီသေးပေမယ့် စကားသိပ်တတ်သည်။ ဖြူစွတ်စွတ်အသားအရေ ပါးဖောင်းဖောင်းလေးတွေ ပုလဲတန်းလိုသွားလေးတွေက သူ့PaPa ရဲ့ အမွေလေးတွေပင်။

"အူကျူး ~လာ PaPa ကို သွားကြိုရအောင် "

ကျွန်တော်ပြောတော့ သူ့PaPaကို  ကြည့်နေရာကနေ ပြုံးပြကာ ခေါင်းငြိမ့်ပြလာတာကြောင့် လက်သီးချင်းတိုက်လိုက်သည်။

"PaPa ~~"

ကားပေါ်ကဆင်းကာ သားကိုချီပြီး အောက်ချပေးလိုက်တော့ သူ့PaPa ဆီကို အော်ပြီးပြေးသွားတဲ့သားကြောင့် အနောက်ကနေပြုံးကာ လိုက်သွားသည်။ သားကိုမြင်တော့ ကလေးငယ်က ပြေးလာကာ သားကို ပွေ့ချီလိုက်သည်။ ကလေးငယ်ဟာ သားသား ချော်လဲလို့ တစ်ခုခုပွန်းပဲ့သွားမှာကိုတောင် သေမလောက်ကြောက်သည်တဲ့လေ။ သားကို သိပ်ချစ်တာကြောင့် တခါတလေဆို ကျွန်တော်တောင် မနာလိုဖြစ်ရသည်။

"PaPa ကို တနေကုန်လွမ်းနေတာ "

ကလေးငယ်ရဲ့ပါးကို မွှေးကြူပြီး ကလေးငယ်ရဲ့လည်ပင်းကို ဖက်လိုက်သော သားကြောင့် ကျွန်တော်ရယ်လိုက်သည်။ မာမီတို့အိမ်မှာ ဆော့နေတာကြောင့် ကျွန်တော်တောင်မနည်းပြန်ခေါ်လာရတာကို သူ့PaPaလက်ထဲရောက်တော့ တနေကုန် လွမ်းနေတာတဲ့လေ။ တကယ့် လူလည်ကောင်လေး။

Without You (Completed)Where stories live. Discover now