Part - 7

201 32 4
                                    

(Unicode)

"အ~လည်ပင်း"

နိုးနိုးချင်း လည်ပင်းကြီးတစ်ခြမ်းနာနေတာကို သတိထားမိရသည်...။ မနေ့က အပြင်ထွက်သွားတဲ့ Jin Hyung ကို ထိုင်စောင့်ရင်း ဒီတိုင်းအိပ်ပျော်သွားပြန်ပြီထင်တယ်...။ သေချာစဉ်းစားကြည့်မှ ငါအိပ်ပျော်သွားတာ ဆိုဖာပေါ်မှာလေ...။ မသိတော့ဘူး... Jin Hyung လည်း ပြန်မလာဘူးလားမသိဘူး...။

ဖုန်းထဲဝင်လာတဲ့စာကို ကြည့်လိုက်တော့ Jiminnie က အောက်ဆင်းလာဖို့ခေါ်နေတာပင်...။ လာမယ်လို့ စာပြန်ပို့ပြီး မျက်နှာသစ် အင်္ကျီလဲပြီး အောက်ဘက်ကိုဆင်းလာခဲ့သည်...။

"Yoongi Hyung ~"

Jiminnie လက်ပြတဲ့ဆီကိုသွားတော့ သူတို့က Hoseok Hyung နဲ့ထိုင်နေတာပင်...။

"Yoongi~Good morning "

Hoseok Hyung က သူ့ပန်းကန်ထဲက steak ကို ဓားနဲ့ အသေအချာ လှီးနေရာမှ နှုတ်ဆက်ပြီး လှီးပြီးသားပန်ကန်ကို Jiminnie ဘက်ကို ရွေ့ပေးနေသည်...။

"Hyung ~ထိုင်"

Tae က သူ့ဘေးက ထိုင်ခုံကိုဆွဲကာထိုင်ခိုင်းပြီး ကျွန်တော့်ရှေ့ကို ပန်းကန်တစ်ချပ်ထိုးပေးသည်...။ ကြည့်လိုက်တော့ လှီးပြီးသား Steak တစ်ပွဲနဲ့ Americano...။ ကျွန်တော်သူ့ကိုကြည့်လိုက်တော့ ရယ်ပြလာသည်...။

"Hyung အတွက်ကြိုမှာထားတာ "

လေးထောင့်ပုံ နှုတ်ခမ်းလေးတွေပေါ်တဲ့အထိရယ်ပြပြီး ပြောနေတဲ့ Tae ကို ကျေးဇူးပဲလို့သာပြောလိုက်သည်...။ မှန်တာပြောရရင် ဒီကလေး ကျွန်တော့်အပေါ်ကို ဒီလောက်အထိ ဂရုမစိုက်စေချင်ပါ...။ တခြားလူတွေအမြင်မှာ ပြောစရာဖြစ်နေလိမ့်မည်...။ နောက်နေ့မှ သူ့ကိုပြောရအုံးမယ်...။

"Yoongi ~Seokjin Hyung ကို တွေ့မိလား"

"Hanna နဲ့ နှင်းလျှောစီးသွားမယ်လို့ပြောတယ်"

ဝင်ပြောလာတဲ့ Hoseok Hyung ရဲ့စကားအနောက်မှာ Jiminnie က ခါးကိုတံတောင်နဲ့တွတ်ပြီး ရန်လုပ်နေလေသည်...။ Namjoon Hyung ကတော့ အားနာသလိုကြည့်လာတာကြောင့် ပြုံးပြလိုက်သည်...။ ဒါက ဖြစ်နေကျပဲကို သိပ်ပြီးမခံစားရတော့ပါဘူး...။

~~~~~

Yoongi ဘေးနားကနေ စကားတပြောပြောနဲ့ ပြုံးရယ်နေတဲ့ ပန်းပုရုပ်လေးကိုကြည့်ပြီး Jungkook ရင်ထဲမှာ မရေရာမှုတွေက တိုးဝင်လို့လာနေသည်...။ မနေ့က~ အခန်းထဲမှာတုန်းက သူ့ကိုရှိတယ်လို့တောင် မထင်ပါပဲ ထိုင်တောင်မနေနိုင်ဘဲ တခြားခန်းထဲက လူတစ်ယောက်ကို စိုးရိမ်ပေးနေတဲ့ပန်းပုရုပ်နဲ့ အခုချိန်မှာ အဲ့လူနားမှာပျော်ရွင်နေတဲ့ ပန်းပုရုပ်ဟာ ကွဲပြားလွန်းသည်...။

Without You (Completed)Tempat cerita menjadi hidup. Temukan sekarang