Part - 15

170 26 2
                                    

(Unicode)

"အန်တီ ကော်ဖီ သောက်ပါအုံး"

ကော်ဖီခွက်ကို အန်တီရှေ့ချပေးလိုက်တော့ အန်တီကပြုံးပြပြီး

"ထိုင်လို့ရရင် ထိုင်ပါဦး သားငယ်လေးရယ် "

အန်တီစကားကြောင့် ထိုင်ခုံပေါ်ကို ဝင်ထိုင်လိုက်ပြီးနောက်မှာ စိုးရိမ်မှုကြောင့် အင်္ကျီစကို လက်နှင့် ဆုပ်ကိုင်ထားမိသည်။ အမှန်ဆို Jin Hyung ရဲ့မိဘတွေနဲ့ တစ်ခါမှ တစ်ယောက်တည်းမတွေ့ဖူးသေးပါ ။

"ဒါနဲ့ အန်တီလို့ပဲခေါ်နေတော့မှာလား သားငယ်လေး~ မာမီ့ကို စိတ်မကောင်းအောင်"

ကော်ဖီခွက်ကိုချကာ ပြောလာတဲ့ အန်တီကြောင့်

"မ မဟုတ်ပါဘူး အန်~အာ မာ မာမီ "

ပျာပျာသလဲ ပြန်ဖြေတဲ့ကျွန်တော်ကို ကြည့်ပြီးမှ ဟက်ဟက်ပက်ပက်ရယ်နေတဲ့ အန်တီကြောင့် ကျွန်တော်ကြောင်သွားသည်။

"မာမီက စတာပါ သားငယ်ရယ် ~"

ပြီးတော့ သူမ သက်ပြင်းကိုခပ်ငွေ့ငွေ့ချသည်။

"မာမီကလေ ရင်းရင်းနှီးနှီးနေလို့ရမယ့် သားလေးတစ်ယောက် အရမ်းလိုချင်ခဲ့တာ~ Jin လေးက သားသိတဲ့အတိုင်းပဲ သိပ်သွေးအေးလွန်းတာ~ နောက်ထပ်ကလေးထပ်ယူဖို့ကျပြန်တော့လည်း သားကြီးနဲ့ပိုဝေးသွားမှာစိုးလို့ မယူဖြစ်ပြန်ဘူးလေ"

အန်တီရဲ့စကားတွေကို ကျွန်တော်စိတ်ဝင်တစား နားထောင်နေမိသည်။

"သားနဲ့လက်ထပ်မယ်ဆိုတော့ မာမီမှာ သိပ်ဝမ်းသာသွားတာ~ ဒါပေမယ့် သားကလည်း အေးတိအေးစက်နဲ့"

ရယ်ပြီးပြောလာတဲ့ အန်တီကြောင့် လည်ပင်းကို လက်ဖြင့်ပွတ်ကာ ခေါင်းကိုငုံ့လိုက်မိသည်။

"အိမ်ကိုလာပါ သားရယ်~ တစ်ယောက်တည်းလည်း လာလို့ရပါတယ်~ ဖေကြီးရော မာမီရောက သားကို လာစေချင်တာ ~ဖေကြီးနဲ့ သူ့သားကြီးနဲ့က အမြဲတမ်းတစ်တွဲလေ ~မာမီမှာ အမြဲတစ်ယောက်တည်း အခုတော့ သားငယ်လေးနဲ့ ပေါင်းလို့ရပြီ"

"ဟုတ် ~လာခဲ့ပါ့မယ်"

အန်တီရဲ့စကားကြောင့် ရင်ထဲမှာ နွေးထွေးသွားသလို ခံစားလိုက်ရသည်။ ကိုယ့်ကို ဒီလောက်ချစ်ကြမှန်း မသိခဲ့တာ အမှန်ပါ။ အန်တီက ကော်ဖီခွက်ကို ကိုင်ကာ အပြင်ကိုကြည့်နေသည်။သူမကိုကြည့်ရတာ တစ်ခုခုပြောစရာ ရှိတဲ့ပုံပင် ။

Without You (Completed)Where stories live. Discover now