Part - 2

178 41 2
                                    

(Unicode)

ဒီနေ့ စနေနေ့မို့ ကျောင်းသွားစရာမလိုသော်လည်း ကျောင်းပိတ်ချိန်ပါ ယူထားပါသော အချိန်ပိုင်းအလုပ်များကြောင့် မနက်ကတည်းက ထမိသည်...။ အောက်ထပ်ကိုဆင်းတော့ မီးဖိုခန်းထဲမှာ ဟင်းချက်နေပုံရတဲ့ အဒေါ်ကြီးက လှမ်းမေးတယ်...။

"အကိုလေး နိုးပြီလား~"

ဒီမှာနေလာတဲ့ အတောအတွင်းမှာ အဒေါ်ကြီးသည် ကျွန်တော်နဲ့ အရင်းနှီးဆုံးလူဖြစ်လာသည်...။ အိမ်တွင်ရှိသော လူသုံးယောက်အနက် Jin Hyung နဲ့က တော်ရုံမတွေ့ဖြစ်...။ တွေ့ဖြစ်လည်း သူကစကားမပြောတာကြောင့် မနက်၆နာရီိဆိုရောက်ပြီး ညနေ၇နာရီမှပြန်တတ်သော အဒေါ်ကြီးက  ကျွန်တော်ရဲ့ စကားပြောဖော်ဖြစ်လာခဲ့သည်...။ မီးဖိုခန်းထဲဝင်ကာ ကော်ဖီအိုးတည်ပြီးနောက် အဒေါ်ကြီးဆီကို သွားလိုက်သည်...။

"ကျွန်တော် ဘာကူပေးရဦးမလဲ"

ကျွန်တော်မေးတော့ အဒေါ်ကြီးက ပြုံးကာ....

"မလိုပါဘူး အကိုလေးရယ်"

"အဒေါ်ကြီးကလဲ အကိုလေးလို့ မခေါ်ပါနဲ့ဆို"

ကျွန်တော်လည်ပင်းကိုအသာပွတ်ရင်း ပြောလိုက်သည်...။

"သခင်လေးနဲ့ လက်ထပ်ထားတဲလူကို အကိုလေးလို့ ခေါ်ရမှာပေါ့ မဟုတ်ဘူးလား"

အဒေါ်ကြီးက  ကြက်ဥလိပ်ကြော်နေရာကနေ ရယ်ပြီးပြောလာသည်...။ ကျွန်တော်ကော်ဖီးအိုးနားသွားကာ ကျလာတဲ့ ကော်ဖီစက်လေးတွေကြည့်နေမိသည်...။ သူတို့ကိုကြည့်ရတာ စိတ်ချမ်းသာစရာကောင်းသော အရာပင်ဖြစ်၏။

"ကော်ဖီဖျော်ခဲ့ပေးဦးမလို့လား"

ကျွန်တော်ခေါင်းငြိမ့်ပြလိုက်ပြီး ဘေးနားက ခွက်ကိုယူကာ ကော်ဖီစက်အောက်ကိုခံလိုက်တော့ ခွက်ထဲရောက်လာတဲ့ ကော်ဖီနံမွှေးမွှေးကြောင့် ကျေနပ်အားရစွာ ပြုံးလိုက်မိသည်...။ Barista တစ်ယောက်ဖြစ်အောင် ကြိုးစားနေတဲ့ကျွန်တော့်အတွက်တော့ ကော်ဖီဖျော်ရတာဟာ သိပ်ခက်ခဲတဲ့အရာမဟုတ်တာကြောင့် Jin Hyung အတွက်မနက်ခင်းကော်ဖီဖျော်ပေးတဲ့ အလုပ်ကို ကျွန်တော်စရောက်ကတည်းက အမြဲတမ်းလုပ်ပေးဖြစ်သည်...။ ဒီလိုမှလည်း ကျွန်တော့်စိတ်ထဲမှာရှိတဲ့ အားနာစိတ်တွေထဲက တစိတ်တဒေသလောက် လျော့သွားမည်ဟု ခံစားရတာကြောင့်ပင်...။

Without You (Completed)Donde viven las historias. Descúbrelo ahora