Part - 14

159 31 2
                                    


(Unicode)

"Jin hyung ပြောထားတဲ့ကိစ္စ "

စားပွဲပေါ်ကို စာအိတ်တစ်ခုကို တိုးပေးကာ ပြောလာတဲ့ Namjoon။

"အဲ့ကိစ္စစုံစမ်းရင်းနဲ့ Yoongi ရဲ့ အကြောင်းပါ တခါတည်းစုံစမ်းလိုက်တာ"

ကျွန်တော်သူ့ကိုခေါင်းညိတ်ပြလိုက်သည်။

"Yoongi က ကျွန်တော်တို့ ထင်မထားလောက်တဲ့အထိကို သနားစရာကောင်းတယ် Jin Hyung ~ သူ့ကို သူဒေါ်လေးတို့က ခေါ်ထားပေးတာတဲ့~ ပတ်ဝန်းကျင်က ပြောကြတာတော့ ကောင်လေးရဲ့ဦးလေးက တော်တော်ဆိုးတယ်တဲ့~ တချိန်လုံးအရက်သောက်ပြီး မူးနေတာလို့ပြောတယ် Jin Hyung ~ Yoongi ကပဲ သူ့ညီမလေးရဲ့ ဆေးရုံစရိတ်တွေကို ထောက်ပံ့ပေးနေတာတဲ့~ သူ့ဦးလေးကလည်း တစ်ခါတလေဆို ကလေးကိုတောင် ရိုက်တယ်လို့ပြောကြတယ်~ Jin Hyung ဖြစ်နိုင်ရင် Yoongi ကို ဒီထက်ပိုပြီး ဂရုစိုက်ပေးလိုက်ပါ~ ပြီးတော့ အဲ့နေ့ကကိစ္စကို အကုန်ဆုံးစာအိတ်ထဲမှာ ထည့်ထားတယ်~ ကျွန်တော်သွားတော့မယ် "

ပြန်ခါနီးပြောသွားတဲ့ Namjoon စကားကြောင့် စာအိတ်ကို အမြန်ဖောက်လိုက်သည်။ ထွက်ကျလာတဲ့ ဓာတ်ပုံတွေနဲ့ စာရွက်တွေကို သေချာကောက်ကြည့်လိုက်တော့ ကျွန်တော့်ကိုပေးခဲ့တဲ့အခန်းနံပါတ်က Hanna နာမည်နဲ့ငှားထားတဲ့ အခန်းပင်။ အဲ့ဒါဆို အရာအားလုံးက Hanna ရဲ့ ကြံစည်မှုဟု အမည်တပ်ဖို့ရာ လုံလာက်သွားပြီ။ ဒါတွေကိုကြည့်ရင်း Yoongi အပေါ်မှာ တဖြည်းဖြည်းအပြစ်ရှိလာသလို ခံစားလာရသည်။

ထိုနေ့က~

"အေး ငါရောက်ပြီ လာခဲ့မယ်"

Seokjin ဖုန်းချကာ ကားပေါ်ကဆင်းပြီး ဟိုတယ်တစ်ခုရဲ့ အပေါ်ဆုံးထပ်ကို တက်သွားသည်။ အပေါ်ဆုံးထပ်ရောက်တာနဲ့ ဆူညံနေသော အရက်ဘားမှအသံတွေက Seokjin ကို ကြိုဆိုနေဟန်။

"Bro~~"

ပခုံးဖက်ကာ နှုတ်သက်လာတဲ့ Namjoon ကို ခေါင်းငြိမ့်နှုတ်ဆက်ပြရင်း ဘေးနားက ဝိုင်ခွက်ကို လှမ်းယူလိုက်သည်။

"ဘာလို့နောက်ကျနေတာလဲ Oppa ~"

ရေကူးကန်ကနေ တက်လာသော Hanna က ပြောလာတာကြောင့် ခါးကနေပွေ့ဖက်ကာ နှုတ်ခမ်းပါးတို့ကို ခပ်ကြမ်းကြမ်းအနမ်းပေးပြီး နှုတ်ဆက်လိုက်သည်။ Namjoon ကတော့ ပြုံးကာကြည့်ရင်း သူတို့ဆီလာဖို့ပြောရင်း ထွက်သွားသည်။

Without You (Completed)Where stories live. Discover now