ငါကလူသားတစ်ယောက်မဟုတ်ဘူး

1.3K 214 6
                                    

Chapter 4

အမှန်တိုင်းပြောရလျှင် ထိုသစ်သီး၏ အရွယ်အစားက ဧရာမတက်ခ်ဇက်တစ်ကောင် နှစ်ကိုက် ကိုက်လိုက်ရုံဖြင့်  ကုန်သွားနိုင်ပေသည်။

သို့ရာတွင် အသီးကိုယူထားသော တက်ခ်ဇက်က သစ်သီးကို သွားချွန်ချွန်များဖြင့်ပြည့်နေသော ပါးစပ်ထဲ မထည့်လိုက်ပေ။ တက်ခ်က သစ်သီးကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် လှိုဏ်ဂူ‌တစ်နေရာထဲသွားဖွက်ကာ တန်ဖိုးထားကြောင်း ပြသလိုက်သည်။

' ကုဟွိုက်ပေးထားတာမို့ မစားပဲသိမ်းထားမယ်...'

ကုဟွိုက်က ထိုခံစားချက်က နားမလည်သော်လည်း အသီးကိုမရသေးသော တက်ခ်ဇက်များက သူ့ကိုစိုက်ကြည့်နေသည်ကို သိလိုက်ရသည်။

သူ့စိတ်ထဲ အလွန်နွေးထွေးသွားရပြီး သူ့အပေါ်ကောင်းပေးသည့် တက်ခ်ဇက်များက ပျော်ရွှင်နေစေရန် မျှော်လင့်နေမိသည်။

ကုဟွိုက်က သူ မူလကတွေးထားသည့်အတိုင်း ဇက်တစ်ယောက်ကို သစ်သီးတစ်လုံးပေးလိုက်သည်။

လက်ဆောင်ရရှိသော တက်ခ်ဇက်များက ၎င်းကို ဂရုတစိုက်ဖြင့် သွားဖွက်ထားကြသည်။ ၎င်းက သစ်သီးတစ်လုံးသာ ဖြစ်သော်လည်း လူငယ်လေးက ပေးထားခြင်းဖြစ်၍ အနည်းငယ်ကွာခြားနေပေသည်။

သူတို့ရှေ့မှ ဆံပင်အနက်ရောင်လူငယ်လေးကိုကြည့်လေ လှိုဏ်ဂူထဲမှ တက်ခ်ဇက်များက 'ကာကွယ်မှု'ဟူသောအရာကို နားလည်သဘောပေါက်လာလေဖြစ်သည်။

အနက်ရောင်စကြဝဠာဖြင့် ဝန်းရံနေသော ဤကမ္ဘာက ဤကလေးငယ်လေးအတွက် ရက်စက်ကြမ်းတမ်းလွန်းလှသည်။

သူတို့ရှေ့မှ လူငယ်လေးက တိုက်ခိုက်ရန် အားနည်းလွန်းလှသော်လည်း ပြဿနာမရှိပေ။

ဘုရင်က အကာကွယ်ခံရသင့်သည်သာ။

နေထိုင်ရသည့် အနေအထားက အလွန်မကောင်းလှသော်လည်း ကုဟွိုက်က ဤတက်ခ်ဇက်များနှင့် အတူတကွနေထိုင်ရခြင်းကို အကောင်းမြင်နေမိသည်။

ဤဝေးလံခေါင်သီပြီး စွန့်ပစ်ခံထားရသောဂြိုလ်ပေါ်တွင် မွေးဖွားလာခဲ့သောကုဟွိုက်က တက်ခ်ဇက်အုပ်စုနှင့် အတူတကွနေထိုင်ခဲ့သည်။ တက်ခ်ဇက်များက ဤဂြိုလ်အပြင်ဘက် ကြယ်တာရာနယ်မြေများတွင် ပြုလုပ်ခဲ့သော လေပြင်းများကိုမူ သူအိပ်မောကျသွားချိန်က ဝိညာဉ်ချိတ်ဆက်မှု ခဏတာ‌ပြတ်တောက်သွားသောကြောင့် မသိလိုက်ပေ။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now