ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

951 146 11
                                    

Chapter 19

ကုဟွိုက် အလ်ဗ်ကို တစ်နေ့လုံး မတွေ့ရပေ။ သူနိုးလာသည်နှင့် တစ်ဖက်လူသည် ထုံးစံအတိုင်း သူ့ဘေးနားတွင် ပေါ်လာ၏။

နှစ်ရက်ကြာ လေ့လာစောင့်ကြည့်ပြီးနောက် တူဆာကြယ်ပေါ်ရှိ စစ်တပ်နှစ်ခုသည် အေးဆေးပြီး ရင်းနှီးကြင်နာတတ်ကြောင်း ခံစားခဲ့ရသည်။ တစ်ယောက်နှင့်တစ်ယောက် အငြင်းပွားမှုမျိုး မရှိခဲ့သလို လက်ခံယုံကြည်လာမှုသည်လည်း ထင်ထားသည်ထက် ပိုမြန်ပေသည်။ ထိုကိစ္စကို စဉ်းစားရင်း စစ်ဘက်ဆိုင်ရာ အဆောက်အအုံဆီသို့ သွားရန် ကုဟွိုက် ဆုံးဖြတ်လိုက်သည်။

“ကိုင်ထားပေးပါ” အဆောက်အအုံကြီး၏တံခါးမှ ထွက်လာသည်နှင့် ကုဟွိုက်သည် လှည့်၍ သူနှင့်အတူ ထွက်လာသော တက်ခ်ဇက်အား လက်တစ်ဖက် ကမ်းလိုက်သည်။ ကုဟွိုက် လမ်းလျှောက်ရသည်ကို ပျင်းခြင်းမဟုတ်ပေ။ တက်ဇက်များသည် ကြယ်ကမ္ဘာကိုကြည့်ရှုရန် သူ့အား သူတို့၏ပခုံးပေါ်တွင် ထိုင်ခိုင်းကာ သယ်ဆောင်ရသည်ကို အထူးနှစ်သက်ကြောင်း သူသိခဲ့ရ၍ပင်။

ကုဟွိုက် လက်တစ်ဖက်ကို ကမ်းကာ 'ကိုင်ထားပေးပါ' ဟူသော စကားကိုပြောလိုက်ခြင်းသည် သူ့အား သူတို့၏ပုခုံးပေါ်၌ သယ်ဆောင်ရန် လက္ခဏာဖြစ်ကြောင်း ထိုတက်ခ်ဇက်များ နားလည်လာကြသည်။ ထို့ကြောင့် တက်ခ်ဇက်ခေါင်းဆောင်သည် သူ၏ခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ နှိမ့်ချလိုက်ပြီး လူငယ်လေးအား ဂရုတစိုက် သယ်ဆောင်ရန် ချွန်ထက်သော လက်မောင်းတစ်ဖက်ကို ဆန့်ထုတ်ကာ သူ၏ ဘယ်ဘက်ပခုံးပေါ်သို့ တင်လိုက်သည်။ ကြောက်မက်ဖွယ်အသွင်သဏ္ဌာန်ရှိသော ခန္ဓာကိုယ်ကြီးသည် ကုဟွိုက်ကို သယ်ဆောင်ထားပြီး တက်ခ်ဇက်များသည် သူတို့၏လည်ချောင်းမှ စူးရှသောအသံများဖြင့် အော်ဟစ်လာကြသည်။ အေးစက်ပြီးနီမြန်းသော မျက်လုံးများမှာ အနည်းငယ် ပို၍တောက်ပနေပြီး ၎င်းအခြင်းအရာသည် ပျော်ရွှင်နေသည့် အကြည့်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

စစ်ဘက်ဆိုင်ရာအဆောက်အအုံကား အလ်ဗ်၏နေအိမ်နှင့် မဝေးလှပေ။ တက်ဇက်များသည် ကုဟွိုက်အား တလမ်းလုံး သယ်ဆောင်ပေးခဲ့ကြသည်။ လမ်း၌ ကုဟွိုက်သည် ကောင်းကင်ကို မော့ကြည့်ပြီး သူ့ကိုသယ်လာသည့် တက်ဇက်နှင့် စကားပြောလိုက်၏။ “နှင်းကျပြီဆိုတာနဲ့ ငါတို့ နှင်းတွေကြည့်ဖို့ အပြင်ထွက်ကြမယ်.."

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now