ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

386 63 2
                                    

Chapter 59
September 11, 2023
Chapter 59

နေမင်းနှင့်တူသော ထူးချွန်ပြောင်မြောက်သည့် မျက်ဝန်းများသည် စက်ကွင်းလူမျိုးများကို ထိတ်လန့်သွားစေ၏။ ၎င်းတို့သည် ဆက်လက်ကြည့်ရှုရန် မဝံ့ရဲကြတော့ပေ။ ထိုအချိန်တွင် ဇက်များ၏ တုံ့ပြန်မှုက ကွဲပြားနေခဲ့၏။

လူမျိုးရေးသဘာဝအလျောက် ဇက်စစ်သားများသည် ၎င်းတို့၏ တိုက်ခိုက်မှုများကို သေချာသောအကြောင်းပြချက်များနှင့် အေးစက်စက် လုပ်ဆောင်ဖြေရှင်းလေ့ရှိသည်။ ရန်သူကို လုံးဝ အပြတ်ရှင်းသည်အထိ နည်းနည်းလေးမှ တုန်လှုပ်လေ့မရှိသော်လည်း ယခုအခါတွင်တော့ ထိုသို့မဟုတ်ချေ။

တိုက်ပွဲအတွင်းတွင်တောင်မှ ရွှေရောင်ဒေါင်လိုက်မျက်ဆံများအဖြစ်ပြောင်းသွားသော ကုဟွိုက်၏မျက်လုံးကိုတွေ့ခဲ့ကြသည့် ဇက်စစ်သားများသည် အနည်းငယ် ရပ်တန့်သွားကြသည်။ ထိုမျက်ဝန်းများက ၎င်းတို့အတွက် ကြီးမားသောဆွဲဆောင်မှုကို ပေးစွမ်းလေ၏။ နှလုံးသားထဲမှ အခြေတည်ဖြစ်ပေါ်လာသည့် အညံ့ခံအရှုံးပေးလိုသောဆန္ဒသည် ပို၍ထင်ရှားပေါ်လွင်လာခဲ့ပြီး လှုံ့ဆော်စေခဲ့သည်။ ထိုဇက်စစ်သားများအား ရပ်တန့်လိုက်စေသည့်အရာက ၎င်းတို့၏ ဘုရင်က သူတို့ကို ကာကွယ်ပေးနေခြင်းဆိုသည့်အချက်ကို နားလည်သဘောပေါက်သွားသောကြောင့်ဖြစ်သည်။

ထိုသို့သိရှိနားလည်လိုက်မှုက ယခုရှိနေသောဇက်များအားလုံးကို စိတ်ပိုင်းဆိုင်ရာအရ နှိုးဆွပေးလိုက်သလိုဖြစ်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့၏ နှလုံးသားက ပူနွေးသောအရာ၏ ရိုက်ခတ်ခြင်းကိုခံလိုက်ရသည်။ တစ်ဖက်ကကြည့်လျှင်လည်း ထိုဇက်စစ်သားများသည် ယခုဖြစ်ရပ်အား လက်မခံနိုင်သလို ခံစားမိသည်။

၎င်းတို့ကသာ ဘုရင့်အား ကာကွယ်ပေးသင့်သည်။ တိုက်ခိုက်နေစဉ်အတွင်းတွင် ဘုရင့်အား အန္တရာယ်မှလမ်းကြောင်းမှလွတ်မြောက်ရန် ကာကွယ်ပေးရမည်မှာ ၎င်းတို့၏ တာဝန်ပင်ဖြစ်၏။ ယင်းက ၎င်းတို့လုပ်ပေးလိုသည့်ဆန္ဒဖြစ်ပြီး ၎င်းတို့တည်ရှိနေမှု၏ အဓိပ္ပာယ်လည်းဖြစ်ပေသည်။ ၎င်းတို့၏ ဘုရင်က အခုထိ ကလေးအရွယ်သာရှိသေးသည်။ အန္တရာယ်များတဲ့တိုက်ပွဲမှာ ဘယ်လိုများ ပါဝင်နိုင်မည်လဲ။ ဘုရင်သာ ဒဏ်ရာရသွားရင် သူတို့ဘယ်လိုလုပ်မလဲ။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now