ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

1.1K 175 0
                                    

Chapter 9

ကုဟွိုက်က အယ်လ်ဂျာ၏စကားများကိုကြားပြီး ယခင်အမွေဆက်ခံစဉ်က အချက်အလက်အချို့ကို သတိရမိသွားသည်။ ယူးလာစစ်သင်္ဘောက ဇီဝသင်္ဘောများဖြစ်၏။

ယူးလာက ဇက်မျိုးနွယ်စုတွင် တစ်ခုအပါအဝင်လည်းဖြစ်သည်။ ယူးလာမျိုးနွယ်စုမှလွဲ၍ နောက်ထပ် မျိုးနွယ်စုလေးခုထပ်ရှိသေးသည်။ တက်ခ်၊ အစ်ဆာဒိုရယ်၊ လီနိုနှင့် ကမ်မုစ်တို့ဖြစ်သည်။

ထိုမျိုးနွယ်စုငါးခုတွင် သူတို့၏ သွင်ပြင်လက္ခဏာအသီးသီးရှိကြသည်။ ဥပမာအား တက်ခ်ဇက်ဖြစ်သောကုဟွိုက်က ရန်လိုတတ်သည့် သွင်ပြင်ရှိသည်။ သူတို့သည် မျိုးနွယ်စုများထဲတွင် အရက်စက်ဆုံးဖြစ်ပြီး တိုက်ပွဲတွင်လည်း အကြမ်းဖက်နိုင်သည်။

ယူးလာတွင်ကား ပြောင်းလဲနိုင်စွမ်းရှိပြီး ဇီဝစစ်သင်္ဘောဖြစ်သည်။ သူတို့တွင် ကူးပြောင်းနိုင်မှုနှင့် အာကာသလက်နက်အဖြစ် အသုံးပြုနိုင်သည်။

အစ်ဆာဒိုရယ်မျိုးနွယ်စုမှာဇက်ထဲတွင် ဝိညာဉ်စွမ်းအား အားအကောင်းဆုံးဖြစ်သည်။ ထိုမျိုးနွယ်ထဲမှာရှိသည့် ဇက်များက နည်းဗျူဟာများအတွက် ကောင်းမွန်ပြီး သူတို့၏လုပ်နိုင်စွမ်းတွင် အတော်ဆုံးဖြစ်ကြသည့်တိုင် အခြားမျိုးနွယ်စုအဖွဲ့များလို ကိုယ်ခန္ဓာပိုင်းအားဖြင့် လုပ်နိုင်စွမ်းမရှိကြပေ။

လီနိုမျိုးနွယ်စုများကား ဇက်များထဲတွင် လုပ်ကြံသတ်ဖြတ်သည့်ပုံစံရှိသည်။ လုပ်ကြံသတ်ဖြတ်သူများဖြစ်သည့်အလျောက် တိုက်ပွဲမှာ တက်ခ်များကဲ့သို့ မျက်နှာချင်းမဆိုင်နိုင်စေကာမူ ပုန်းကွယ်ခြင်းများနှင့် ခြေရာခံနိုင်သည့် နည်းအမျိုးမျိုးသော အဆိပ်အတောက်များတွင် တော်ကြသည်။ သူတို့၏သားကောင်ကို သတ်ဖြတ်ရမည့်အချိန်တွင်တော့ သူတို့ အလွန်စိတ်ရှည်ကြ၏။

နောက်ဆုံးအနေဖြင့် ကမ်မုစ်မျိုးနွယ်စုများဖြစ်သည်။ တခြားမျိုးနွယ်စုများနှင့်ယှဉ်လျှင် သူတို့၏လုပ်နိုင်စွမ်းက ပျမ်းမျှအဆင့်သာရှိသည်။ သို့သော်လည်း သူတို့သည် လိုအပ်သည့်အခါတွင် ဘဝ၏ဖိအားများကို ဝါးမျိုကာ အလဲအလှယ်အနေဖြင့် အကြမ်းဖက်နိုင်မှုများကိုပြုလုပ်ကြသော မျိုးနွယ်စုသာဖြစ်သည်။ သူတို့သည် ရန်သူကို သတ်ဖြတ်ရန်အတွက် ကိုယ့်ကိုယ်ကိုဖျက်ဆီးမှုအနေဖြင့် အသုံးပြုတတ်ကြသည်။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now