chapter 82

177 29 0
                                    

Chapter 82
September 14, 2023
Chapter 82

ရန်သူ့ပစ်မှတ်သည်ကား ကုဟွိုက်ဖြစ်နိုင်ပေသည်။ ၎င်းကိုသိလိုက်ရသည့်အခါ ဇက်တို့အားလုံး၏အမူအရာမှာ အင်မတန်ဆိုးရွားသွားခဲ့၏။ အရေးကြီးရတနာတစ်ခုအားကာကွယ်နေရသောသားရဲများပမာ ၎င်းတို့အသိုက်အားကျုးကျော်ရန် ရည်ရွယ်လာသူကို ချွန်မြသည့်အစွယ်များအားပြသလိုက်ကြသည်။

ဇက်တို့အတွက်မူ ကုဟွိုက်အားသတ်ပစ်ရန်ပစ်မှတ်ထားသည့်မည်သည့်အရာမဆို အန္တရာယ်ရှိသည်။ ထိုအချက်ကြောင့် ဇက်တို့အတွက်အရှုံးပေးရန်ဆိုသည်မှာမဖြစ်နိုင်သည့်အရာပင်။

"ကြယ်တာရာမဟာမိတ်အဖွဲ့က ထွက်ပြေးသွားတဲ့သူကိုဖမ်းဖို့ အထူးသံတမန်အဖွဲ့ကိုလွှတ်ခဲ့ပေမဲ့ ဒီလောက်နှစ်တွေကြာတာတောင်မတွေ့သေးဘူးလား..."

ကြီးကြပ်ရေးမှူးက ၎င်း၏သံသယများကိုထုတ်ဖော်လာသည်။ ထိုမေးခွန်းမေးခံလိုက်ရသောကြောင့် ကြယ်တာရာမဟာမိတ်အဖွဲ့မှာ အင်မတန်အရှက်ရခဲ့ရသည်။ ၎င်းတို့မှာ လက်မခံနိုင်လင့်ကစား ဤမျှနှစ်ပေါင်းများစွာကြာသည်အထိ ဂါဗင်နှင့်ပတ်သတ်သောသဲလွန်စတခုတလေပင်မရခဲ့ကြပေ။

တဖက်လူက အလွန်ထက်မြက်ပြီးပါးနပ်သည်။ ၎င်းသည် ကြယ်တာရာမဟာမိတ်အဖွဲ့မှ သဲလွန်စမရခင်ပင် အငွေ့ပျံသွားခဲ့ပြီး သူအသက်ရှိနေခဲ့ဖူးသည့်သဲလွန်စများကိုပါဖျောက်ပစ်ခဲ့သည်။ ကြယ်တာရာမဟာမိတ်အဖွဲ့မှာ တခုတလေရှာတွေ့နိုင်ရန်ပင်မလွယ်ကူတော့ချေ။

ထိုအချိန်မှာပင် အာရွန်သည် ဌာန်ကရိုဏ်းကျကျမပြောခင် ကာ့ပါးလီယာ၏မျက်နှာထားကို တချက်လှည့်ကြည့်လိုက်ပါ၏။

"လွန်ခဲ့တဲ့နှစ်တွေလောက်တည်းက ဂါဗင်တစ်ယောက် သူ့ပုံစံကိုပြောင်းပစ်လိုက်သင့်တယ်၊ ပြစရာသက်သေအထောက်အထားတော့မရှိပေမဲ့ သူလုပ်နိုင်တယ်ဆိုတာတော့သေချာတယ်၊ သူ့စွမ်းရည်နဲ့သာဆို ကြယ်တာရာမဟာမိတ်အဖွဲ့က ဖမ်းမိဖို့လွယ်မှာမဟုတ်ဘူး.."

"တစ်ခေတ်မှာတစ်ခါပေါ်တဲ့ ဉာဏ်ကြီးရှင်တွေဆိုတာ ရန်သူလိုမျိုးလှည့်စားတတ်တာပဲလေ.."

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now