ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

671 117 1
                                    

Chapter 33
September 09, 2023
Chapter 33





ကြယ်တာရာကွန်ရက်မှာ ခဏတွင်းချင်း ပွက်လောရိုက်သွားခဲ့သည်။

မှန်သည်။ ယခုကဲ့သို့ နည်းပညာတိုးတက်လွန်းပါသော ကြယ်တာရာခေတ်တွင် ကြယ်တာရာကွန်ရက်မှာ ပြိုကျမသွားနိုင်ပါချေ။ အချိန်တိုအတွင်း အွန်လိုင်းအသုံးပြုသူစာရင်းက ခုန်ပျံသွားကာ ဝင်ရောက်ကြည့်ရှုသူစာရင်းမှာလည်း ထောင်တက်သွားလေသည်။

မတိုင်ခင်က ကြယ်တာရာကွန်ရက်အတွင်းမှလူနည်းစုလေးသာ ပိုပိုးလ်စ်များတိုက်ခိုက်ခံရသည့်ကိစ္စကို စိတ်ဝင်တစားရှိခဲ့ကြသည်။ ယခုမူ ဇက်များ၏ဝင်ရောက်ကယ်ဆယ်သည့်အကြောင်းပါဝင်လာသည့်အခါ လူအများအပြားက အာရုံစိုက်လာကြ၏။

အစောပိုင်း၌ ကြယ်တာရာအဖွဲ့အစည်းက အစီအရင်ခံစာထုတ်ပြန်ခဲ့သည့်တိုင် မည်သူကမှ ချက်ချင်းမယုံကြည်ခဲ့ကြချေ။ လူတစ်ယောက်က အကြောင်းအရာနှင့်ဆက်စပ်သော သတင်းအချက်အလက်များကို စုဆောင်းပြီး ကြယ်တာရာကွန်ရက်အတွင်းဖြန့်လိုက်မှသာ ဇက်များကပိုပိုးလ်စ်တို့ကို ကယ်လိုက်သည့်အကြောင်းအား အတည်ပြုခဲ့ကြသည်။

သို့ဖြစ်၍ အခြားဂြိုလ်တွင်နေထိုင်ကြသော မျိုးနွယ်စုအသီးသီးမှာ ကြယ်တာရာကွန်ရက်အား အံ့ဩတကြီးဖြင့် မယုံနိုင်သည့်နှယ် စိုက်ကြည့်နေကြလေသည်။

ဇက်တို့၏ အေးစက်ခက်ထန်မှုက သူတို့၏လူမဆန်သောသဘာဝဖြင့်ပုံသွင်းခံထားရသည်၊ ၎င်းတို့၏ခံစားချက်ကင်းမဲ့မှုက ၎င်းတို့အမူအကျင့်တိုင်းအား အလွန်တရာအေးစက်နေစေ၏။ အပြင်ကိုအပထား၊ အတွင်းစိတ်ပိုင်းတွင်ပင် စိတ်မဝင်စားကြသည့်ပုံစံရှိသည်။ ထိုသို့သော အခြေအနေမျိုးဖြင့် ဇက်များက ပိုပိုးလ်စ်တို့အား စေတနာအပြည့်ဖြင့်ကူညီပေးခဲ့သေးသည်။ ၎င်းမွာ ကောင်းကင်မှသွေးမိုးရွာသည့်အတိုင်းထူးဆန်းလွန်းလှပေ၏။

[Upaz ကြယ်စု: တကယ်ကြီးဟ! ဇက်တွေရဲ့ ယူးလာယာဉ်ပျံတွေကဂရစ်ဖင်းကြယ်ပင်လယ်ဓားပြတွေကို အပြောင်ရှင်းပစ်တဲ့အကြောင်း ငါကြားခဲ့တယ်၊ စစ်သင်္ဘောတစ်စီးမှ ပြေးမလွတ်ဘဲ အကုန်လုံး ယူးလာစစ်သင်္ဘောတွေအောက်မှာ ပြားပြားဝပ်သွားတယ်ဆိုပဲ!]

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now