ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

643 81 5
                                    

Chapter 60
September 11, 2023
Chapter 60

သံထည်အတိဖြင့် စစ်သင်္ဘောကြီးအား အပြီးသတ်ဖျက်ဆီးလိုက်ပြီးနောက် ဆံနွယ်နက်ဖြင့်လူငယ်လေးသည် မည်သည့်အရာမှမဖြစ်ပျက်ခဲ့သလို တည်ငြိမ်လွန်းလှသော ဇက်တို့၏ဝန်းရံခြင်းကိုခံလိုက်ရသည်။ သူလုံးဝပျက်ဆီးသွားသော စစ်သင်္ဘောအားကြည့်ကာ တိတ်ဆိတ်နေမိ၏။ လူငယ်လေးတွင် နူးညံ့သည့်အနက်ရောင်ဆံနွယ်များရှိပြီး ရုပ်ရည်လည်းကြည့်ကောင်းလေသည်။

ကုဟွိုက်၏ဘေးပတ်လည်တွင် ဝန်းရံနေသူများ၏ပထမဆုံးအမြင်မှာ သူသည်နူးညံ့၏။ အေးစက်သည့်ဇက်တို့အလယ်၊ အနှီသူသည် ကြမ်းတမ်းရက်စက်သောသားရဲများအကြား၌ ရောပါနေသည့် အကောင်ငယ်လေးတစ်ကောင်နှင့်တူနေသည်။ နူးညံသောအရေနှင့် အကောင်ငယ်လေးမှာ ချွန်မြသောသွားများနှင့်လက်သည်းများရှိနေသော ကြောက်ရွံ့ဖွယ်သက်ရှိများ၏ ကာကွယ်ပေးခြင်းကိုခံထားရသည်။ ထိုပုံစံက အုပ်စုတွင်းမှကွဲထွက်နေပုံနှင့်တူပေ၏။

ထိုအချိန်မှာပင် ကုဟွိုက်သည် သူ၏ပုံစံကိုတပုံစံတည်းဖြစ်အောင်ပြောင်းလဲလိုက်ပြီး ၎င်း၏ရွှေရောင်မျက်ဆံအိမ်များနှင့် ဩဇာညောင်း သည့်ဇက်ဘုရင်ဖြစ်ကြောင်းပြသလိုက်သည်၊ နေရာတွင်ရှိနေသူများက ရုတ်တရက် ဇက်တို့၏ကာကွယ်ပေးမှုကိုခံထားရသူမှာ ပို၍ပင်ထိတ်လန့်ဖွယ်ကောင်းသည့်တည်ရှိမှုမျိုးဖြစ်မှန်းနားလည်သွားကြ၏။

သို့သော် ဇက်တို့က လုံးဝထိုသို့မထင်ကြပါချေ။

"အရှင်..."

တိုက်ပွဲပြီးဆုံးသည်နှင့် ဇက်တို့မှာ ကုဟွိုက်ဘေးဘက်သို့ ဆူဆူညံညံအော်ဟစ်ကာပြေးလာကြသည်။ ၎င်းတို့သည် ထိတ်လန့်နေသောမျက်လုံးများဖြင့် ကုဟွိုက်အား ခေါင်းမှခြေအထိအဖန်ဖန်ကြည့်ကြ၏။ ပုံမှန်အားဖြင့် ဇက်တို့သည် မျက်နှာတည်ကြပြီး ဤသို့သောမြင်သာလွန်းသည့် စိတ်ခံစားချက်များကိုထုတ်ပြသည်မှာ ရှားပါးလွန်းသည်။ ဇက်တို့၏တုံ့ပြန်မှုက တိတ်ဆိတ်နေဆဲဖြစ်သော စက်ကွင်း၏ကယ်ဆယ်ရေးတပ်များနှင့်သူပုန်တို့၏မျက်လုံးထဲသို့ဝင်ရောက်လာသည်။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now