ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

575 93 3
                                    

Chapter 39
September 10, 2023
CHAPTER 39

အကျဉ်းထောင်ထဲရှိလေထုမှာ နှစ်လိုဖွယ် ကောင်းစွာ တိတ်ဆိတ်နေခဲ့သည်။ မဟုတ်သေး။ ထူးထူးဆန်းဆန်း ထိတ်လန့်ဖွယ်ကောင်းလာသည်။

ကုဟွိုက်က အရင်ဆုံး မျက်တောင်ခတ်လိုက်ပြီး သတ္တမမြောက် ကြယ်တာရာမဟာမိတ်အဖွဲ့ခွဲ၏ခေါင်းဆောင်အား သံသယဝင်သောအကြည့်များဖြင့် ကြည့်လိုက်သည်။ ၎င်းတို့ကို မည်မျှစစ်မေးမေး ဘာမှမပြောပါဟုသူပဲပြောထားခဲ့သည်မဟုတ်ပါလား။ မည်သည့်သတင်းအချက်အလက်မျှကိုလည်း သိရှိနိုင်ရန်လမ်းမမြင်ဟု ပြောခဲ့ခြင်းမဟုတ်ပါလား။

စစ်ဆေးမေးမြန်းရန် တာဝန်ကျသည့်သူက မေးခွန်းသင်္ကေတများနှင့် ပြည့်နှက်သွားရပြီး မည်သည့်တုံ့ပြန်မှုမျှ မပေးနိုင်တော့ချေ။ ထို့နောက် သူက ကုဟွိုက်၏အကြည့်အား သတိထားမိပြီး သူ၏ဝိညာဉ်က ပြန်လည်သက်ဝင်လာရသည်။ ခေါင်းဆောင်က လျင်မြန်စွာ ရှင်းပြလာ၏။

“အရင်တုန်းက သူတို့ တကယ်စကားမပြောကြတာ ကျွန်တော်တို့ကို ဘာတုံ့ပြန်မှုကိုမှ ပြချင်ကြတာမဟုတ်ဘူး သူတို့က ညှိနှိုင်းဖို့ကို ငြင်းပဲငြင်းနေကြတာ ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော်တို့ အရှင့်ကို မညာပါဘူး.."

စစ်ဆေးမေးမြန်းရန် တာဝန်ကျသည့်သူက ကုဟွိုက်အထင်လွဲသွားမည်ကို စိုးရိမ်ပြီး နဖူးထက်တွင် ချွေးစီးများ စီးကျလာရသည်။ ကုဟွိုက်က ယုံကြည်ခဲ့သည်။ တစ်ဖက်လူက ဤမျှထိနိမ့်ကျသည့်လိမ်ညာမှုကိုပြောဆိုမည်ဟု သူမထင်ခဲ့ပေ။ ထို့ကြောင့် သူက မယုံကြည်မှုများမရှိကြောင်းပြသရန် ခေါင်းညိတ်ပြလိုက်သည်။

မိုးမှောင်မျှော်စင်မှစစ်သားတစ်ယောက်သည်လည်း ၎င်း၏အဖော်က ထိုသို့ပြောဆိုလိုက်ခြင်းကြောင့် ထိတ်လန့်သွားရသည်။ သူက အိပ်နေရာမှ အပြင်ကလူများကို ကြည့်လျက် မျက်လုံးပြူးသွားရသည်။ ယခုတော့ တစ်ဖက်လူအား ဆူပူရန် မျက်လုံးပြူးပြူးဖြင့် အော်ပြောလိုက်သည်။

“မင်းဘာတွေပြော—”

သူ စကားတစ်ခွန်းကိုပင် အဆုံးသတ်သည်အထိ မပြောလိုက်နိုင်ပေ။ ကော်လင် မျက်လုံးဖွင့်ကြည့်ပြီး ဖောက်ထွင်းမြင်နိုင်သည့်နံရံအပြင်မှ ရပ်နေသောလူငယ်လေးကို တွေ့လိုက်ရသည်။ ၎င်း၏ ဦးနှောက်က မဖော်ပြနိုင်သောခံစားချက်များအချို့ကြောင့် ရုတ်တရက် ထိတ်လန့်သွားရသည်။ လည်ချောင်းထဲတွင် ပိတ်ဆို့သွားရပြီး အသံများလည်း ပျောက်ကွယ်သွားရ၏။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now