ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

860 107 2
                                    

Chapter 38
September 10, 2023
Chapter 38

ကုဟွိုက်သင်ကြားနေသောအကြောင်းအရာမှာ အလ်ဗ်၏စကားများကြောင့် ရပ်တန့်သွားရသည်။ သူသည် ကြီးမားသည့် ငွေရောင်ကြောင်ကြီးစကားကိုသာ နားထောင်နိုင်တော့၏။ ထိုနေ့ပြီးနောက်ပိုင်းမှစ၍ တစ်ဖက်လူ၏အမြီးက သူ့အားရစ်ပတ်နေခြင်းနှင့်ပက်သက်ပြီး အပေးအယူလုပ်ရတော့သည်။

ကုဟွိုက်က နှစ်သိမ့်ချော့မြူခြင်းနှင့်ပက်သက်၍ အတွေ့အကြုံမြောက်များစွာရှိပြီး လှည့်ကွက်များလည်း အများကြီးရှိသည်။ အခြားသူများ အနားမရှိချိန်တွင် အလ်ဗ်၏လက်၊ အမွေးနှင့်အမြီးကို ထိတွေ့ကာ တစ်ဖက်လူအား သူ့အမြီးနှင့်ရစ်ပတ်ထားခြင်းကို ခွင့်ပြုရသည်။ ထိုနည်းလမ်းနှင့် အလ်ဗ်က သူ့ကိုသဘောရှိလုပ်ခွင့်ရနေ၏။

ယခင်က ကုဟွိုက်သည် နောက်တစ်ကြိမ်ထပ်လုပ်ခွင့်မပေးဟုပြောဖူးသည်။ ထိုအခြေအနေထိ တိုးတက်လာသည်ကို သူကိုယ်တိုင်လည်း ရှုပ်ထွေးသွားရသည်။ အလ်ဗ်က တခြားသူများနှင့်ဆို ထိုသို့မပြုမူသင့်ကြောင်းပြောခဲ့သင့်သည်။ ရလဒ်အနေဖြင့် အလ်ဗ်က အချိန်တိုင်း ထိုပုံစံကိုလုပ်နေသည်။

သူ့ကို ဘယ်လိုချော့ရပါ့မလဲ…

ကုဟွိုက်ခမျာ ထိုကိစ္စနှင့်ပက်သက်ပြီး စိတ်ပူနေခဲ့သော်လည်း  တစ်ဖက်လူကို အပြစ်တင်မရကြောင်း ခံစားမိ၏။ သူ့အရှေ့၌ရှိသည့် ကြောင်ကြီးအား အပြစ်တင်ခြင်းက ဆိုးရွားသည့်လုပ်ရပ်ဖြစ်သည်။

ကုဟွိုက်က မရဘူးဟုပြောလိုက်သည်နှင့် အလ်ဗ်က သူ့အနားကို မချဉ်းကပ်လာတော့သော်လည်း သူ့အမြီးကမူ ပုံလျက်သားကျသွားရသည်။ ငွေမှင်ရောင်အမြီးက တွဲလဲကျနေသည်ကို ကုဟွိုက်မြင်သည်နှင့် သူက နူးညံ့ညင်သာသွားရကာ လွယ်လွယ်ကူကူ အပေးအယူလုပ်၍ရသည်။

သူပိုပြီး အပေးယူလုပ်လေ ကုဟွိုက်က ပိုပြီး အောက်ကျသွားရလေဖြစ်သည်။ အလ်ဗ်နှင့်သူသည် အချင်းချင်းဖက်ထားကြသည်ကို တခြားသူမမြင်နိုင်ပေ။ ထိုနည်းလမ်းနှင့်သာ ကုဟွိုက်သည် စိတ်ပူစရာမလိုသည့်အတွက်ကြောင့် လက်ရှိအခြေနေကို လက်ခံလိုက်နိုင်သည်။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now