ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

1.1K 170 1
                                    

Chapter 11

အပူချိန်နိမ့်သောရပ်ဝန်းနှင့်သဟဇာတဖြစ်နေကြပြီးသော ဇက်များအတွက် အအေးဒဏ်ခံနိုင်သောအဝတ်အစားမျိုး မလိုအပ်သောကြောင့်ဂြိုလ်ပေါ်တွင် တစ်ထည်မှမရှိပေ။ သို့ဖြစ်၍ သူတို့မှာ အထည်အချို့ကိုအမြန်ချုပ်နေကြခိုက် ကုဟွိုက်ကို ချုပ်ပြီးသားအဝတ်အစားအနည်းငယ်ပေးထားကြသည်။

ယခုမူ ကုဟွိုက်ကား အိမ်ထဲတွင်သာ နေရချေသည်။ သူသည် သာမန်စစ်တပ်သုံးဂျက်ကပ်အင်္ကျီသာ ဝတ်ထားသည့်တိုင် အ အေးဒဏ်မခံစားရချေ။ အနှီကုတ်အင်္ကျီကြီးအတွင်း မြုပ်နေလျက် လူငယ်လေးသည် ပြတင်းပေါက်အနီးတွင်ရပ်ကာ အပြင်ဘက်သို့ကြည့်နေ၏၊ ဆံနွယ်နက်များမှာ အနည်းငယ်ပွနေပြီး ဖြူဖွေးသောအသားအရေမှာနေရောင်အတွင်း ကြည်လဲ့နေသည်။

စွန့်ပစ်ဂြိုလ်ပေါ်တွင်နေခဲ့စဉ်က ကုဟွိုက်သည် မိုးရွာထားပြီးကျန်နေခဲ့သော ရေအိုင်ငယ်လေးအနီးမှဖြတ်သွားမိပြီး သူ့ပုံစံကိုမြင်လိုက်ရကာ အလွန်အံ့အားသင့်သွားသည်။ သူ၏မျက်နှာနှင့်ပုံစံမှာ မူလကမ္ဘာကနှင့် များစွာမကွာခြားပေ။ ပြောင်းလဲသွားသည့်အရာကိုပြောပြပါဆိုလျှင် သူမဆိုသလောက်ကြည့်ကောင်းလာရုံသာဖြစ်လိမ့်မည်။

ကုဟွိုက်ကား သူ၏အသွင်အပြင်အပေါ် ဂရုမစိုက်တတ်၍ အသေအချာမသိပေ။ အကြောင်းမှာ သူ၏ပုံစံသည် အင်မတန်ရှင်းလင်းပြီးစိတ်ဝင်စားဖွယ်ကောင်းသည်၊ အခြားသူများ သူ့အပေါ်အကောင်းမြင်လာစေရန်လည်း အလွယ်တကူစွမ်းဆောင်နိုင်သည်။ ယခု သူ၏မျက်နှာကျမှာများစွာမပြောင်းလဲသွားခဲ့သည့်တိုင် ပို၍အမြင်ဖမ်းစားစရာဖြစ်နေသည်။

ဇက်များ၏စွမ်းရည်က အခြားကြယ်တာရာမျိုးနွယ်စုများအနက် အမြင့်ဆုံးဖြစ်နေခဲ့၍ပေလား။ ကုဟွိုက်မှာသူ၏ဆောင်းတွင်းဝတ်အင်္ကျီများလာပို့သည်ကို အကြာကြီးမစောင့်လိုက်ရပါချေ။

သူ့အားအဝတ်အစားများလာရောက်ပို့ပေးသူမှာ လေဆိပ်တွင်သူ့အား နွေးလာစေရန် ၎င်း၏စွမ်းရည်ကိုအသုံးပြုခဲ့သော အဆင့်မြင့်ဇက်ဖြစ်သည်။ ကုဟွိုက်က ၎င်းအမည်မှာ လီအို ဖြစ်ကြောင်းမှတ်မိသွားသည်။ အဆင့်မြင့် တူဆာဇက်များ၏ခေါင်းပေါ်တွင် ချွန်ထက်သည့်မီးခိုးရောင်ဦးချိုတစ်စုံရှိတတ်ပြီး ထိုအရာများက စီမံခန့်ခွဲသူခုနစ်ယောက်အနက် တစ်ယောက်ဖြစ်ကြောင်းလွယ်လင့်တကူမှတ်မိစေနိုင်သည်။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now