ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)

465 69 1
                                    

Chapter 50
September 11, 2023
Chapter 50

ကုဟွိုက်မှာ နှုတ်ခမ်းကိုအနမ်းခံလိုက်ရပြီး သူ၏စိတ်က စက္ကန့်ဝက်ခန့်ဗလာကျင်းသွားခဲ့သည်။ နားရွက်ထိပ်ဖျားများက တိတ်တဆိတ်နီမြန်းလာကာ သူသည်လည်းကြောင်စီစီအခြေအနေအတွင်းသို့ ကျရောက်သွားလေ၏။

ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသောကြောင့် ဟိုအတွေးသည်အတွေးဖြင့် လုံးချာလည်နေပြီး မည်သည့်နေရာမှစကာရှင်းပြရမည်မှန်းမသိသေးပေ။ သူသည် ကြောင်ကြီး၏တိုက်ခိုက်မှုအောက်မှပြန်ဆုတ်မရဖြစ်နေကာ နေရာတွင် တည်တည်ငြိမ်ငြိမ်ရပ်နေရန်လည်းမဖြစ်နိုင်တော့။

တိုက်ရိုက်ထိခတ်သွားမှုက အကျိုးသက်ရောက်မှုရှိနေသည်။ သူ၏နားရွက်ထိပ်ဖျားများက ပူနေပြီး ကုဟွိုက်မှာ အသက်မပါစွာဖြင့် သူ့စိတ်သူလျှော့လိုက်ရ၏။ သူနောက်တကြိမ် ဆရာကြီးလေသံဖြင့်ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် အကြိုက်ဆိုတာ အမျိုးမျိုးရှိတယ်၊ 'အကြိုက်' မျိုးတိုင်းက ဒီလိုနမ်းလို့ရတာမဟုတ်ဘူး.."

ကုဟွိုက်စကားကြောင့် အလ်ဗ်ကမျက်မှောင်ကြုတ်သည်။ ကြိုက်တာကကြိုက်တာပဲပေါ့။ ဘာလို့အကြိုက်ကအများကြီးရှိရမှာလဲ။ အလ်ဗ်တွင် ကုဟွိုက်အပေါ်ခံစားမိသော အကြိုက်တစ်မျိုးတည်းသာရှိသည်။ သို့ဖြစ်၍ သူကုဟွိုက်စကားကို နားမလည်နိုင်ဖြစ်နေရသည်။ ကုဟွိုက်စကားများက အလ်ဗ်ကိုအမြဲမျက်မှောင်ကြုတ်စေ၍ ပြန်ချေပရန်နည်းလမ်းမရှိတော့ပေ။

ကုဟွိုက်၏မျက်လုံးထဲ၌မူ အလ်ဗ်ကသူ့အား 'သဘောကျခြင်း' ဆိုသည်မှာ တိကျသောမှီခိုခြင်းနှင့် ကြောင်နှင့်အလွန်တရာတူသောလူတစ်ယောက်၏စရိုက်အရ တစ်ဦးပိုင်ဖြစ်လိုသောဆန္ဒများကြောင့်သာဖြစ်သည်။ တဖက်မှ သူ့အား 'သဘောကျသည်' ဟုပြောလာပြီး ချစ်သူများအကြားမှပုံစံမဟုတ်ပေ။

ကုဟွိုက် သူ့နှုတ်ခမ်းကိုလက်ညိုးထိုးပြပြီးပြောလိုက်၏။

"ဥပမာ မင်းငါ့ကိုသဘောကျတယ်ဆိုတာ ဒီနေရာကိုနမ်းရတာမျိုးမဟုတ်ဘူး.."

ကုဟွိုက်မှာ သူ့အရှေ့မှကြောင်ကြီးက ဘာကိုမှမသိနားမလည်၍ သူ့အနေဖြင့် အလ်ဗ်၏အသိပညာရေးကို အာရုံစိုက်မှရတော့မည်ဟု ခံစားမိလာ သည်။ ကြောင်ကြီး၏စိတ်မှာ စက္ကူဖြူလေးတစ်ရွက်ပမာ စင်ကြယ်သန့်ရှင်းသည်။ ၎င်း၏အကျင့်စရိုက်မှာလည်း ချစ်စရာကောင်းလွန်းပြီး ကုဟွိုက်မှာ မလွန်ဆန်နိုင်ပေ။

ငါကလူသားတစ်ယောက်မဟုတ်ဘူး(ကုဟွိုက်)Where stories live. Discover now