Part 1

22.2K 187 3
                                    

(Unicode)

ရှိန်းနှင့်လရိပ်သည် သွေးသားမတော်ဆက်သောမောင်နှမများဖြစ်ကြသည်။ရှိန်းအဖေနဲ့လရိပ်အမေသည် သူတို့နှစ်ယောက် ၅နှစ်ကတည်းကလက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ရှိန်းအမေသည် ရှိန်း၄နှစ်တုန်းက သွေးကင်ဆာရောဂါဖြင့် ဆုံးသွားပြီး လရိပ်အဖေသည်လရိပ် ၅နှစ်မှာ တော့နောက်မီးလင်း၍သူမ၏ အမေနှင့်ပြသနာတက်ပြီးကွာရှင်းခဲ့ရသည်။တစ်‌နေ့မှာ လရိပ်၏ အမေသည် ရှိန်းအဖေရဲ့ကုမ္ပဏီမှာအလုပ်၀င်လုပ်ရင်း နှစ်ယောက်သားချစ်ကျွမ်း၀င်ခဲ့ကြသည်။ရှိန်းအဖေလည်းလူလွတ် လရိပ်အမေလည်းလူလွတ်မို့ပြောတဲ့သူသိပ်မရှိကြပေ။လရိပ်တို့သားအမိသည် ရှိန်းအဖေဟုခေါ်တော့ဦးမင်းသူဆီရောက်လာသည့်နေ့မှာ ရှိန်းကသူမကိုမျက်လုံးပြူးပြီးကြည့်နေသည်ကိုသတိထားမိသည်။

"သား ဒါသားမာမီနဲ့သားအမ "

ရှိန်းကသူမထက်၁နှစ်ငယ်သည်။သူမရှိန်းအနားသွားပြီးပြုံးလျက်ရှိန်းခေါင်းကိုပုတ်လိုက်သည်။

"ရှိန်း  အမနာမည် လရိပ်ပါ ဒီနေ့ကစပြီးအမတို့နှစ်ယောက်ကမောင်နှမဖြစ်သွားပြီးနော် အဟိ "

"မမ"

ရှိန်းထိုသို့ခေါ်လိုက်တော့ လရိပ်ပျော်သွားမိသည်။သူမအမေ ဒေါ်ယုဇနကိုကြည့်လိုက်တော့ရှိန်းကိုလည်းချစ်သွားပုံရသည်။

"ဝါး သားလေးကတော်လိုက်တာ မာမီ့ဆီလာပါဦးကွယ်"

ရှိန်းကမိခင်မေတ္တာငတ်နေသည်နှင့်တူသည်။သူမအမေခေါ်တော့အမေ့ဆီပြေးသွားသည်။

"မာမီ "

"ရှင့် မာမီ့သားလေး"

သားအမိအရင်းလိုအလွယ်သယ်နေသောအမေနှင့်ရှိန်းတို့ကိုသူမနှင့် ဦးမင်းသူကြည့်ပြီးကြည်နူးနေလေသည်။

၈နှစ်ခန့်ကြာသော် .....

သူမနဲ့ရှိန်းသည်၁၀တန်းရောက်နေပြီးဖြစ်သည်။ရှိန်းကစော်အတော်ကြည်သူဖြစ်သည်။ပြသနာက အဲဒီကစတာဖြစ်သည်။ရှိန်းတွဲပြီးရှိန်းဖြတ်လိုက်တဲ့ရည်းစားတွေကသူမဆီတစ်နေ့ကိုအများဆုံး၄ယောက်လာသည်။

"ဟဲ့ နင့်မောင် နင်ကြည့်ထိန်း နင်မောင့်ကငါ့ကိုစားပြီးနားမလည် လုပ်သွားတာဟဲ့"

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now