Part 35

2.8K 35 3
                                    

(Uni)

ရှိန်းသည် မြင့်မိုရ်ဆီကို ကားကိုအမြန်နှုန်းဖြင့် မောင်း၍ သွားနေသည်။အခုချိန်မှာ သူလရိပ်ကိုအစိုးရိမ်ကြီးစိုရိမ်နေမိသည်။

"လရိပ်က ဘယ်လိုလုပ်ပြီးပျောက်သွားတာလဲကွာ လရိပ်က ခြေဦးတည့်ရာလျှောက်သွားတတ်တဲ့သူမျိုးလည်းမဟုတ်ဘူး ရုတ်တရတ်ကြီးဘယ်လိုဖြစ်သွားတာလဲကွာ တစ်ယောက်ယောက်ကများခေါ်သွားတာလား ကျစ် ဘာတွေလဲကွာ"

သူစိတ်ထဲမှာ လရိပ်အကြောင်းမေးခွန်းထုတ်နေရင်း....

"ဒီး ဒီး ဒီး"

"ဟာ့ အရေးထဲ ဘယ်ကဖုန်းပြန်လဲကွာ ကျစ်"

သူ့ဖုန်းကိုစိတ်ရှုပ်နှင့်ကိုင်လိုက်တော့ သူ့ကိုခေါ်သည့်ဖုန်းနံပါတ်က သူ့မသိတဲ့ဖုန်းနံပါတ်အစိမ်းပင်။သို့ပေမယ့် အခုချိန်မှာ ဒီဖုန်းနံပါတ်က သူ့လရိပ်နဲ့ ပက်သက်ပြီးခေါ်တဲ့ဖုန်းနံပါတ်ဖြစ်ပါစေလို့ သူဆုတောင်းလိုက်မိ၍ သူကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို ရှိန်းသမ္ဘာ"

"ဟင် မင်း မင်းဘယ်သူလဲ"

"ဟား ဟား ဟား ဟား"

တစ်ဖက်လူက သူ့ကိုဘာမှပြန်မဖြေဘဲ ရယ် နေသည်ကြောင့် သူစိတ်မရှည်တော့ဘဲ ပိတ်ဟောက်လိုက်သည်။

"ဟေ့ကောင် မင်းဘယ်သူလဲ ဘာလိုချင်လို့လဲ ရှင်းရှင်းပြော"

"အဟက် ရှိန်းသမ္ဘာ ရှိန်းသမ္ဘာ မင်းအခုချိန်မှာ လရိပ်ပျိုပျောက်နေလို့ တော်တော့်ကိုပျာယာခတ်နေမှာဘဲနော် အဟာ့"

တစ်ဖက်ဖုန်းပြောနေသည့်လူက သူ့လရိပ်ပျိုအကြောင်းကို ပြောလာသည်ကြောင့် သူအံ့ဩသွား၍ မျက်ခုံးပင့်မိပြီး တစ်ဖက်လူကို ကပျာကယာပြန်မေးလိုက်သည်။

"ဟာ့ မင်း မင်း ဘာလို့ လရိပ်ပျောက်နေတာ သိနေတာလဲ မင်း မင်းဘယ်သူလဲ ပြောစမ်း"

"ဟာ့ မလောစမ်းပါနဲ့ ရှိန်းသမ္ဘာရာ ပြောပြမှာပေါ့ အဟာ့"

ထိုအချိန်သူ့ကားကိုရပ်ပစ်လိုက်ပြီး တစ်ဖက်လူဆက်ပြောလာမှာကို ‌စောင့်၍ နားထောင်နေလိုက်သည်။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now