Part 37

2.7K 32 0
                                    

"မရှိတော့ဘူး မမလေး"

ဘာ!!!!

သူမဇေယျထံစာချုပ်တောင်းရင်း ဇေယျပြောလိုက်သည့်စကားကြောင့် သူမကြောင်သွားသည်။သူမမျက်မှောင်ကြုံ့လိုက်ပြီး ဇေယျကိုမေးလိုက်သည်။

"မရှိတော့ဘူး ဟုတ်လား အဲဒီစာချုပ်က ဘယ်ရောက်သွားလို့လဲ ဇေယျ"

"ဆုပ်ချေပစ်လိုက်ပြီး မမလေး"

"ဘာ ဘာပြောတယ် ဇေယျ နင်ဘာပြော လိုက်တယ်"

"ကြားတဲ့အတိုင်းဘဲလေ မမလေး အဟွန့်"

"ဇေယျ နင်ဘာဖြစ်နေတာလဲ ငါနဲ့ရှိန်းရဲ့လက်ထပ်စာချုပ်အခုချက်ချင်းပေး "

"မပေးဘူးဗျာ မပေးချင်လို့ အဲဒီစာချုပ်ကိုဆုပ်ခြေပစ်လိုက်တာ"

"ဇေယျ နင်ငါ့ကိုစမ်းနေတာလား နင်ကငါ့အလုပ်သမားနော် ကိုယ်အဆင့်ကိုယ်သိ ရောင့်တက်မလာနဲ့ ငါ့စာချုပ်အခုပေး"

"မပေးဘူး လုံး၀မပေးဘူး မမလေးကိုဒီကောင်နဲ့လုံး၀သဘောမတူဘူး"

"နင်က ငါ့ကိုဟိုလူနဲ့သဘောမတူဘူး ဒီလူနဲ့သဘောမတူဘူးလို့ပြောနေရအောင် နင်ကဘာမို့လို့လဲ နင်ကိုယ့်အဆင့်ကိုယ်သိနော် ကျွန်အဆင့်ကများ"

"အော် မမလေးက ကျွန်တော့်ကို ကျွန်တဲ့လား ကျွန်တော်က မမလေးအတွက် ကျွန်အဆင့်ကလွဲပြီးဘာမှမပိုဘူးလား  အဟွန့် ဟုတ်ပါတယ် ကျွန်တော်က မမလေးတို့အိမ်က ကျွန်ပါ ကျွန်တော့်လိုနိမ့်ကျတဲ့ကျွန်တစ်ယောက်က ရွှေ‌ဇွန်းကိုက်ပြီးမွေးလာတဲ့ မမလေးလိုလူမျိုးကို မချစ်သင့်မှန်းလည်း သိပါတယ် ဒါပေမယ့်အခုဘယ်လိုလုပ်မလဲ ကျွန်တော်မမလေးကို အရမ်းချစ်တယ် သေလောက်အောင်ချစ်တယ် အဲဒါကြောင့် ကျွန်တော်အရမ်းချစ်ရတဲ့မမလေးကို ဒီရှိန်းသမ္ဘာဆိုတဲ့ကောင်ရဲ့လက်ထဲလုံး၀မထည့်နိုင်ဘူးဗျာ မမလေးကျွန်တော့်ကိုဘဲချစ်ရမယ်"

ဇေယျပြောလိုက်သည့်စကားကြောင့် ရူပါကျော်ရော ရှိန်းရော လရိပ်ရော အံ့ဩသွားကြသည်။သို့ပေမယ့် ထိုအထဲမှာ ရှိုင်းဆက်မပါပေ။ဇေယျ ဘယ်လိုတွေကြံပြီး ဘာတွေလုပ်မည်ဆိုတာ ရှိုင်းဆက်က ကြိုသိထားတော့ကြောင့် မအံ့ဩတော့ပါ ။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now