Part 29

3.7K 35 0
                                    

(Uni)

မနက်၉သို့ရောက်သော် ရှိန်းနှင့်လရိပ်ပျိုသည် သူတို့အိမ်သို့ပြန်လာခဲ့လိုက်သည်။ရှိန်းနဲ့သူမက အိမ်မရောက်ခင် ကားထဲမှာ ပျော်ရွှင်စွာစကားပြောပြီးရယ်မောနေကြသည်။အရင်ကဆို သူမနှင့်ရှိန်းက အခုလိုရယ်မောဖို့ပင်မပြောနဲ့ တစ်ယောက်နဲ့တစ်ယောက်လမ်းမှာတွေ့ရင်တောင်မှာ မခေါ်မပြောကြသောဆက်ဆံရေးဖြစ်ခဲ့ကြရသည်။အိမ်မှာတွေ့ရင်လည်း ပြောစရာရှိမှသာပြောကြပြီး စကားဆိုရင် လိုတာထက်ပို၍ မပြောခဲ့ကြပေ။အခုတော့ အချိန်တိုလေးခဏအတွင်းမှာ ရှိန်းနဲ့သူမနဲ့က အတူတူအိပ်ခဲ့ကြပြီးဖြစ်သလို အခုလို ချစ်မိသွားကြပြီး လက်ထပ်ကြတဲ့အဆင့်တောင်ရောက်တော့မည်။သူမဘ၀မှာ ရှိန်းနဲ့ချစ်မိပြီး လက်ထပ်ရလိမ့်မည်လို့ သူမတစ်ခါမှ အိပ်မက်မမက်ခဲ့ပေ။ရှိန်းကသူမကိုငယ်ငယ်တုန်းက အခြားယောကျာ်နဲ့မပက်သက်စေချင်တာ သူမကိုသူက ငယ်ငယိကတည်းကလက်ထပ်ဖို့ရည်မှန်းထားတာလား။သူမရှိုင်းဆက်ကိုချစ်ခဲ့တယ်လို့ထင်ခဲ့‌ ပေမယ့် ရှိုင်းဆက်ကသူမကိုရင်ခုန်အောင်မလုပ်နိုင်ပေ။ရှိန်းနှင့်မှသာ သူမနှလုံးသားနိုးထလာပြီး ရှိန်းကိုချစ်မိနေမှန်းသိလာရသည်။သူမလည်း ရှိန်းကိုမုန်းနေရင်းနဲ့ချစ်မိသွားလိမ့်လို့ လုံး၀မထင်ခဲ့ပါ။အခုတော့ သူမမထင်မှတ်ထားတာတွေဖြစ်လာခဲ့ပြီးဖြစ်သည်။ဒါပေမယ့် အခုရှိန်းကိုသူမကချစ်သည်မို့ မိဘတွေ စီစဉ်ပေးတဲ့ လက်ထပ်ပွဲကိုသဘော‌တူတော့မည်။သူမစဉ်းစားနေရင်း ရှိန်းက သူမလက်ကို ကိုင်လိုက်သည်။

"လရိပ် ကိုယ်တို့အိမ်ရောက်ရင် မိဘတွေကို အမြန်ဆုံးလက်ထပ်ပေးဖို့ပြောရအောင်နော် ကိုယ်လရိပ်ကို လက်ထပ်ဖို့မစောင့်နိုင်တော့ဘူး လရိပ်ကိုအမြန်ဆုံးပိုင်‌ဆိုင်ချင်ပြီး "

ရှိန်းက သူမလက်ကိုတင်းကျပ်စွာဆုပ်ကိုင်ပြီးသူမကိုပြုံး၍ ပြောလိုက်သည်။

"အင်း ရှိန်းသဘော"

ရှိန်းက သူမကိုပြုံးပြလိုက်၍ ကားကို သူမတို့အိမ်က ခြံထဲကိုမောင်း၀င်လာသည်။ရှိန်းက သူမကိုကားတံခါးဖွင့်ပေးပြီး သူမလက်ကိုတွဲ၍ အိမ်ထဲကို နှစ်ယောက်သား ပြုံးရွှင်စွာ၀င်လာကြသည်။သူမတို့အိမ်ထဲရောက်တော့ ဧည့်ခန်းထဲမှာ သူမတို့ရဲ့ မိဘနှစ်ပါးထိုင်နေတာကိုတွေ့လိုက်ရသည်။ရှိန်းနဲ့သူမက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး သူမတို့ရဲ့မိဘဆီလျှောက်သွားလိုက်သည်။သူမတို့ရဲ့အဖေနဲ့အမေက သူမတို့နှစ် ယောက် သူတို့ဆီ လက်တွဲပြီးလျှောက်လာသည်ကိုမြင်တော့ အံ့ဩနေကြပုံပေါ်သည်။ရှိန်းနဲ့သူမက ဆိုဖာမှာထိုင်လိုက်ပြီး အဖေနဲ့အမေကိုကြည့်လိုက်ပြီး ရှိန်းက စကားစလိုက်သည်။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now