Part 31

2.2K 28 0
                                    

(Uni)

ရှိန်းနှင့်လရိပ်သည် ကုန်တိုက်မှာ သူတို့လိုအပ်တာတွေ၀ယ်ပြီးနောက် အိမ်သို့အမြန်ပြန်လာခဲ့သည်။
ရှိန်းက အိမ်အပြန်လမ်းမှာ ကားမောင်းလာတဲ့တစ်လျှောက်မှာ လရိပ်က သူ့ကိုဘာစကားမှမပြောဘဲ တိတ်နေတော့ကြောင့် သူ့မှာ နေထိုင်ရခက်လာသည်။လရိပ်က သူ့ဘက်ကိုကြည့်ပြီး ကားမှန်ကနေ အပြင်ဘက်ကိုငေးကြည့်နေသည်။လရိပ်က သူ့ကိုစိတ်ကောက်နေတာလား ကုန်တိုက်က စားသောက်ဆိုင်မှာကတည်းက လရိပ်က မျက်နှာမကောင်းပေ သူ့ကိုလည်း စကားတွေအများကြီးမပြောပေ။အခုချိန်မှာ ကားထဲမှာ သူနဲ့ လရိပ်က ဘာစကားမှမပြောဘဲ အရမ်းကိုတိတ်ဆိတ်နေသည်။အခုချိန်မှာ သူဘယ်လိုမှမနေနိုင်သဖြင့် လရိပ်ကိုသူ့ဘက်က စကားစလိုက်သည်။

"လရိပ် ကိုယ်တို့မပြန်ခင် တစ်နေရာရာ၀င်ကြမလား"

သူလရိပ်ကိုပြောလိုက်ရင်း လရိပ်လက်ကိုရုတ်တရတ်ကိုင်လိုက်သည်။ထိုအချိန် လရိပ်က သူ့ကိုမပြုံးမရယ်တဲ့မျက်နှာနဲ့ကြည့်လာပြီး...

"ငါအရမ်းပင်ပန်းနေပြီး ရှိန်း ဘယ်ကိုမှမသွားချင်တော့ဘူး အိမ်ကိုဘဲမောင်းလိုက်တော့"

လရိပ်က သူ့ကိုထိုသို့ပြောပြီး ကားမှန်ဘက်ကိုမျက်နှာ ပြန်လွှဲ‌လိုက်သည်။
သူ့လရိပ်က သူ့ကို စကားအနည်းငယ်ဘဲပြောပြီး ရုတ်တရတ်စိမ်းကားသွားသည်ကြောင့်သူစိတ်ထဲမှာ တစ်မျိုးဖြစ်သွားသည်။သူ့လရိပ်ဘာဖြစ်လို့ဒီလိုရုတ်တရတ်ဖြစ်သွားရလဲဆိုတာကို သူသိချင်စိတ်ပေါက်သွားသည်။

"လရိပ် ကိုယ့်ကိုစိတ်ဆိုးနေတာလား  ကိုယ့်ကိုလည်းစကားမပြောဘူး"

ထိုအချိန် လရိပ်က သူ့ကိုကြည့်လိုက်ပြီး..

"အခုပြောနေတာဘဲ မဟုတ်လား ရှိန်း "

"မဟုတ်ဘူးလေ လရိပ် ကိုယ်ပြောချင်တာ လရိပ်က ကိုယ့်ကိုစကားပြောတာ နည်းနေသလိုဘဲ ကုန်တိုက်မှာတုန်းက အကောင်းကြီးပါ အခု လရိပ်ပုံစံက ထူးဆန်းနေလို့"

"မထူးဆန်းပါဘူး အခုငါ့ပုခုံးကြားမှာ ခေါင်းပေါက်နေတာဘဲမဟုတ်လား ဒါမှမဟုတ်ရင်ငါ့ခေါင်းမှာ ဂျိုထွက်နေလို့လား ရှိန်း"

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now