Part 28

5.8K 55 1
                                    

(Uni)

မနက် ၇နာရီထိုးတော့ရှိုင်းဆက်သည် ခေါင်းကိုက်စွာနဲ့ မျက်လုံးကိုမနိုင်မနင်းဖွင့်လိုက်သည်။သူမြင်လိုက်သည်က သူ့ကွန်ဒိုက မျက်နှာကျက်မဟုတ်ပ။သူ၏ နာကျင်ကိုက်ခဲနေတဲ့ခေါင်းကိုဖိကိုင်ကြည့်လိုက်တော့ သူ့ခေါင်းက ပတ်တီးစည်းထားရသည်ကိုချက်ချင်းသိလိုက်သည်။သူချက်ချင်းလိုက်သည်က မနေ့က သူလရိပ်ရဲ့ အသွေးအသားကိုယူဖို့ကြိုးစားနေရင်း ရှိန်းက သူ့ဂုတ်ကိုဆွဲပြီး သူ့ကိုတရစပ်ဆွဲထိုးခဲ့ပြီး သူ့ခေါင်းကိုပန်းအိုးဖြင့် ရိုက်ခွဲခဲ့သည်။မနေ့က သူအငိုက်မိ၍ ရှိန်းသူ့ကိုထိုးတာကို သူဘာမှပြန်မလုပ်နိုင်ခဲ့ပါ။ထိုအခါ သူမနေ့က အကြောင်းတွေပြန်တွေးပြီး ရှိန်းအပေါ်ဒေါသအလိပ်လိုက်ထွက်လာခဲ့သည်။

"ရှိန်းသမ္ဘာ မင်းငါ့ကိုကျောသွားတာအရမ်းများနေပြီး ငါပိုင်ဆိုင်ဖို့ကြိုးစားလိုက်တဲ့ အရာမှန်သမျှ မင်းဆီဘဲ ရောက်ရောက်သွားတယ် မင်းကိုငါလုံး၀မကျေဘူး လရိပ်ကိုမင်းဆီကနေ ငါရအောင်ပြန်ပြီးဆွဲထုတ်ပြမယ် ဒီတစ်ခါတော့မင်းကိုငါလုံး၀ အကျောမပေးတော့ဘူး မင်းစောင့်ကြည့်နေလိုက် ရှိန်းသမ္ဘာ"

သူရှိန်း ကိုဒေါသထွက်လွန်းနေသဖြင့် လက်သီးကိုတင်းအောင်ဆုပ်ပြီး သူအိပ်နေတဲ့ကုတင်ကို တစ်ချက်ထုလိုက်သည်။ထိုအခါ သူတစ်ယောက်တည်းဒေါသထွက်ပြီး ပေါက်ကွဲနေရင်း သူ့အခန်းထဲကိုတစ်စုံတစ်ယောက်၀င်လာခဲ့သည်။

"ရှိုင်းဆက် ရှင်သတိရလာပြီးလား"

သူ့အခန်းထဲကို ၀င်လာသော မထင်မှတ်ထားတဲ့သူကြောင့်သူအံ့အားသင့်သွားသည်။

"ရူ ရူပါကျော်"

ရူပါကျော်က သူ့ကိုပြုံးပြလိုက်ပြီး သူ့ဆီကိုလျှောက်လာသည်။

"ရှင်ဘယ်လိုနေသေးလဲ ရှိုင်းဆက် ခေါင်းကိုက်နေသေးလား"

သူရူပါ့ကို‌ဘာမှမပြောဘဲ ဒီအတိုင်းကြောင်ကြည့်နေမိသည်။

"ရှိုင်းဆက် ရှင်ကျွန်မကိုဘာလို့ကြောင်ပြီးကြည့်နေတာလဲ"

"ရူပါကျော် မင်း မင်းဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ"

ရူပါကျော်က သူ့ကိုကြည့်ပြီး ခုံတစ်ခုံယူပြီးသူ့ကုတင်နားမှာထိုင်လိုက်သည်။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now