Part 10

4.9K 112 1
                                    

(Uni)

မနက်မိုးလင်းလာတော့အခါ ရှိန်းသည်အစောကြီးနိုးနေခဲ့သည်။ သူသည်အမြန်ထလာပြီး သူ့လရိပ်ကိုမြတ်နိုးစွာကြည့်လိုက်သည်။ ချစ်စရာကောင်းစွာ အိပ်စက်နေသော သူ့လရိပ်ကို ကြည့်ပြီး မနက်စောစောစီးစီး အသဲယားနေမိသည်။ သူအသဲယားလာပြီး  သည်းမခံနိုင်တော့တာကြောင့် သူ့လရိပ်နားကိုလျှင်မြန်စွာသွားလိုက်သည်။ သူ့လရိပ်နားကိုရောက်တော့ သူမလက်ကို ကိုင်ပြီး နမ်းရှိုက်လိုက်သည်။သူမကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေတော့ကြောင့် သူဘာဘဲလုပ်လုပ် မနိုးလာပေ။သူမလက်ကိုကိုင်ပြီး သူမနဖူးကို နမ်းရှိုက်လိုက်လေသည်။သူမကိုနမ်းရှိုက်ပြီး သူမကိုမြတ်နိုးစွာ တစ်ချက်ကြည့်လိုက်၏။ သူမကိုကြည့်လိုက်သည်နှင့် သူမရဲ့ ဖူးအိနေတဲ့ နှုတ်ခမ်းသားတွေကို နမ်းချင်စိတ်ပေါ်လာသည်။သူသည် သူမနှုတ်ခမ်းသား ကိုနမ်းချင်လာသည်ကြောင့် သူမမျက်နှာနားကို သူမျက်နှာတိုးလိုက်စဉ် ဆေးရုံအခန်းတံခါးက ရုတ်တရတ်ပွင့်လာသည်။ဆေးရုံတံခါးပွင့်သည်နှင့်တစ်ပြိုင်နက် သူလန့်သွားပြီး လရိပ်နားကနေ အမြန်ဆုံး ခုန်ထွက်လိုက်သည်။ဆေးရုံတံခါးပွင့်လာတော့ သူအလန့်တကြားနဲ့ကြည့်လိုက်မိသည်။သူ့ကြည့်လိုက်တော့အခါ ဆရာ၀န်နဲ့ နပ်စ်တစ်ယောက်ဖြစ်နေသည်။

"ဪ မောင်ရင်က အစောကြီးနိုးနေတာကိုး ကဲ့ မောင့်ရင် အမ ဘယ်လိုနေသေးလဲ"

"သူက နေရတာသက်သာပါတယ် မနေ့ကတောင် ဆန်ပြုတ်ကိုအားရပါးရ စားနေသေးတယ် ဆရာ"

"အင်း ဆရာ တစ်ချက် စမ်းသပ်ကြည့်မယ်နော်"

ဆရာ၀န်က လရိပ်ကို စမ်းသပ်ပေးနေသည်။လရိပ်ရဲ့ လူနာ အကျီကို ဆရာ၀န်က လှန်လိုက်တော့ သူမျက်လုံးပြူးသွားသည်။ဆရာ၀န်လှန်လိုက်တော့ လရိပ်ရဲ့ အတွင်း၀တ်ကပေါ်နေသည်ကြောင့် သူရှက်သွားပြီး မျက်လုံးလွှဲလိုက်သည်။သူကိုယ့်ကိုယ်ကိုတောင် အံ့ဩနေမိသည်။သူမိန်းမတွေအများစုနဲ့ အိပ်ခဲ့ဖူး၍ အဲဒီ မိန်းမတွေရဲ့ အတွင်း၀တ်ကို သူမြင်ဖူးပေမယ့် လရိပ်ရဲ့အ၀တ်၀တ်ကိုမြင်ရတာလောက်သူရင်မခုန်ခဲ့ဖူးပေ မရှက်ခဲ့ဖူးပေ။လရိပ်ကသာ သူ့အတွက် အထူးဆန်း ဆုံး မိန်း ကလေး ဖြစ်နေသည်ကို သူချက်ချင်းလက်ခံလိုက်သည်။ သူ့ကိုလရိပ်ကသာ ရင်ခုန်အောင်လုပ်နိုင်သည်။လရိပ်ကသူ့အတွက် မရှိမဖြစ် ဖြစ်သွားပြီး ဟု သူယုံကြည်လိုက်သည်။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now