Part 40(The End)

7.5K 72 2
                                    

"လရိပ်သည် မီးဖိုဆောင်မှာ ရှိန်းအတွက် ကြက်စွပ်ပြုတ်လုပ်ပေးနေသည်။ဆရာ၀န်က ရှိန်းကို ထမင်းမကျွေးခိုင်းသေးဘဲ လတ်တလောမှာ စွပ်ပြုတ်တွေဘဲသောက်ခိုင်းသေးသည်။ရှိန်းကို လက်ကဒဏ်ရာကြောင့်အပြင်မထွက်ခိုင်းသေးသော်လည်း ရှိန်းက ရူပါကျော် သေဆုံးမှုကိုစုံစမ်းရန်အတွက် မနက်စောစောကတည်းက သူ့အတွင်းရေးမှူး မင်းပိုင်နှင့်အတူထွက်သွားရှာသည်။သူမသည်ရှိန်းအတွက် ကြက်စွပ်ပြုတ်ချက်ပေးနေတုန်းမှာ....

"ကျွီ"

အိမ်ရှေ့က ကားရပ်သံကြောင့် ရှိန်းပြန်လာပြီးဆိုတာ ခိက်ချင်းသိလိုက်သည်နှင့် အေပရွန်ကိုချွတ်ပြီး အိမ်ရှေ့သို့ထွက်လာခဲ့သည်။
သူမအိမ်ရှေ့တံခါး၀ကိုရောက်သည့်အခါ ရှိန်းကားပေါ်ကဆင်းလာသည်နှင့် ရှိန်းကိုတွဲလိုက်သည်။

"ဖြည်းဖြည်း ရှိန်း"

"ကိုယ်ဘာမှမဖြစ်ပါဘူး လရိပ်ရ ကိုယ့်ဒဏ်ရာက သိပ်မနာတော့ပါဘူး"

"ရှိန်း နာနာမနာနာ တွဲရမှာဘဲ စိတ်ပူရမှာက လရိပ်ရဲ့တာ၀န်"

"အော် လရိပ်က ကိုယ့်ကိုစိတ်ပူနေတယ်ပေါ့ဟုတ်လား"

"ပူတာပေါ့လို့ ရှိန်းကလည်း ဘယ်လိုမေးလိုက်တာလဲ"

"ဟုတ်ပါပြီးကွာ လရိပ်ကိုယ့်ကိုစိတ်ပူတော့ ကိုယ်အရမ်းပျော်တယ်သိလား"

"လာပါ ဆိုဖာမှာ ထိုင်ရအောင်  လရိပ် ရှိန်းအတွက်စွပ်ပြုတ်လုပ်ထားပေးတယ် ခနနေသောက်ရအောင်"

"အင်း လရိပ်"

"ဒါနဲ့လေ..."

"ဟင် ဘာလဲ လရိပ်"

"ဟို ရူ ရူပါကျော်က ဘယ်လိုသေသွားတာလဲ ရှိန်း"

ရူပါ့ကျော်အကြောင်းကို လရိပ်က မေးလာသည်ကြောင့် သူစိုးရိမ်သွားမိသည်။ရူပါ့ကျော့်ကို သရဲကသတ်သွားသည်လို့လရိပ်ကိုပြောလည်း လရိပ်သည်မနေ့ညက ရူပါကျော်နှင့် ပက်သက်၍ ဆိုးဆိုးဝါးဝါး အိပ်မက်မက်ထားသည်ကြောင့်  မနေ့ညကထက်ပိုကြောက်နေမှာစိုး၍  ရူပါကျော်သေဆုံးရသည့်အမှန်တရားကို လရိပ်အားသူမပြောချင်ပါ။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now