Part 22

3.4K 48 0
                                    

(Uni)

ရှိန်းတစ်ယောက် လရိပ်ကို‌ဆေး ရုံသို့အမြန်ခေါ်လာပြီး ဆရာ၀န်ကိုအမြန်ခေါ် ပြီးစမ်းသပ်ခိုင်းလိုက်သည်။သူ့၏ ဒဏ်ရာရထားတဲ့မျက်နှာကိုလည်းဆေးထည့်လိုက်ပြီး လရိပ်နေ သည့်လူနာခန်းထဲကို၀င်လာပြီး လရိပ်နားမှာ သူထိုင်စောင့်နေလိုက်သည်။လရိပ်ရုတ်တရတ်မေ့လဲသွားသည်ကြောင့် သူအရမ်းကိုစိုးရိမ်သွားသည်။လရိပ်မျက်နှာရောနှုတ်ခမ်းရောကအရမ်းက်ုဖြူဖျော့နေသည်။သူသည်လရိပ်လက်ကို ကိုင်လိုက်ပြီး နမ်းရှိုက်လိုက်၏။ထိုစဉ် ဆရာ၀န်က ဒီအခန်းထဲကိုနပ်စ်တစ်ယောက်နဲ့၀င်လာခဲ့သည်။ထိုဆရာ၀န်က အရင်တုန်းက လရိပ်အူသွေးယိုတုန်းက ခွဲစိတ်ပေးတဲ့ဆရာ၀န်ပင်ဖြစ်သည်။

"ဆရာ သူဘာဖြစ်လို့မေ့လဲသွားတာလဲ"

"အင်း လူနာက အခုတလောအိပ်ရေးပျက်နေတယ်ထင်တယ် အားတွေသိပ်မရှိဘူး သွေးပေါင်လည်းကျနေတယ် လူနာနိုးလာရင်အားရှိတဲ့အစာတွေပေးစားခိုင်းပါ အိပ်ရေးလည်း၀အောင်ပေးအိပ်ခိုင်းပါ အခြားတော့ဘာမှစိုးရိမ်စရာမရှိပါဘူး ဒီတစ်ညတော့ဆေးရုံမှာဘဲနေလိုက်ပါ မောင်ရင် မနက်ကျရင်ဆေးရုံကဆင်းလို့ရပြီး အကယ်၍ ဒီညလူနာနိုးလာရင်ဆရာ့ကိုခေါ်လိုက်ပါ မောင်ရင် ...ကဲ့ဆရာဒီလောက်ဘဲ ပြောချင်တယ် ဆရာ့ကိုခွင့်ပြုပါဦး"

"ဟုတ် ဟုတ်ကဲ့ဆရာ ကျေးဇူးတင်ပါတယ်"

ထိုဆရာ၀န်က သူ့ကိုထိုသို့ပြောပြီး ထိုအခန်းထဲကနေထွက်သွားလိုက်သည်။သူသည်လရိပ်အနားမှာပြန်ထိုင်လိုက်ပြီး လရိပ်လက်ကိုတဖန်ပြန်ကိုင်ပြီး လရိပ်နဖူးကိုနမ်းလိုက်သည်။လရိပ်အိပ်ရေးပျက်ရတာသူ့ကြောင့်ပင်။မနေ့ညက သူသည်လရိပ်အနိုင်ကျင့်လိုက်တာ တစ်ညလုံးနီးပါပင်။လရိပ်သည်သူအနိုင်ကျင့်တာကို အိပ်ရေးပျက်ပျက်နဲ့ ခံနေရသည်။အခုအချိန်ကျတော့ သူလရိပ်ကိုသနားသွားမိသည်။သူ့ကြောင့် လရိပ်အခုလိုဖြစ်သွားတာပင်။သူလရိပ်ဆံပင်ကိုတစ်ချက်သပ်လိုက်ပြီး  လရိပ်ကို ဂရုဏာသက်စွာကြည့်လိုက်သည်။

"လရိပ် နင်အခုလိုဖြစ်တာ ငါ့ကြောင့်ပါဟာ ငါနင့်ကိုအရမ်းချစ်လို့ပါ လရိပ် နင်ကငါ့ကိုသ၀န်တိုအောင်လုပ်တာကို ငါကနင့်ကိုအရမ်းချစ်တော့ ဘယ်ယောကျာ်နဲ့မှ မပက်သက်စေချင်ဘူး နင်ကငါ့တစ်ယောက်တည်းအတွက်ဘဲ လရိပ်ပျို အရမ်းချစ်တယ် ပြောမပြတတ်အောင်ချစ်တယ်"

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now