Part 6

6.5K 116 3
                                    

(Uni)

ကျွန်တော်တစ်ည၀ရံတာမှာဆေးလိပ်သောက်နေရင်း ခြံရှေ့မှာကားတစ်စီးရပ်ခဲ့တယ် အဲ့ကားပေါ်ကနေ လရိပ်နဲ့ကောင်တစ်ကောင်ကားပေါ်ကနေဆင်းလာခဲ့တယ် ကျွန်တော်အဲဒီကောင်ကိုသေချာကြည့်လိုက်တော့ ကျွန်တော့်ရဲ့ကျောင်းတုန်းကပြိုင်ဘက် ရှိုင်းဆက်ဆိုတဲ့ကောင်ဖြစ်နေတယ် ပြိုင်ဘက်သာဆိုတယ် ကျွန်တော်ကပြိုင်တာမဟုတ်ပါဘူး ရှိုင်းဆက်ဆိုတဲ့ကောင်ကသာ ကျွန်တော့်ကိုလိုက်ပြိုင်နေတာ သူတွဲဖို့ကြံလိုက်တဲ့ကောင်မလေးတွေက ကျွန်တော်နဲ့ဘဲ တွဲဖို့စိတ်အားထက်သန်နေကြတော့ အဲ့ကောင်ကမကျေမနပ်ဖြစ်ပြီး ကျွန်တော်ကိုလိုက်ပြိုင်ခဲ့တယ် ။
အခုအဲ့ကောင်က လရိပ်ဘေးမှာရှိနေတာတွေ့တော့ လရိပ်ကိုစိတ်ပူသွားမိပြီးအဲဒီ ကောင်နဲ့မပက်သက်ဖို့လရိပ်ကိုပြောမှဖြစ်မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်။သူနဲ့ဟိုကောင်နဲ့က ဘာတွေပြောနေမှန်းမသိ ရယ်မောနေရတာ ကျွန်တော်နှလုံးသားရုတ်တရတ် နာကျင်နေခဲ့တယ် ကျွန်တော်လည်းအဲဒီမြင်ကွင်းကို ဆက်မကြည့်ချင်တော့လို့အောက်ထပ်ကိုဆင်းလာပြီး ဆေးလိပ်ဆက်သောက်နေခဲ့တယ် ခနနေသူအိမ်ထဲ၀င်လာတော့ ကျွန်တော်သူ့ကိုစိတ်ပူလို့ သူ့ကိုဟိုကောင်နဲ့ဘာပက်သက်လဲ စတဲ့မေးခွန်းတွေအမျိုးမျိုးမေးနေခဲ့တယ် သူကကျွန်တော်မေးခွန်းတွေတွေမေးတာကိုမကြိုက်ဖူးနဲ့တူတယ် ကျွန်တော့်ကို အော်ငေါက်ပြီးအိမ်အပေါ်ထပ်ကိုချက်ချင်းပြေးတက်သွားတယ်။

ကျွန်တော်သူအပေါ်ကိုဒေါသထွက်စွာနဲ့တက်သွားတာကိုကြည့်ပြီး ကျွန်တော်စိတ်မကောင်းဖြစ်ခဲ့တယ် အဲ့လိုနဲ့ကျွန်တော်တစ်ညလုံးအိပ်မပျော်ခဲ့ဘူး ။ဒီလိုနဲ့မနက်ရောက်တော့ကျွန်တော်အစောကြီးနိုးနေခဲ့တယ် အဖေနဲ့အမေကတော့ နယ်ဘက်က လရိပ်အမေရဲ့ဆွေမျိုးနေမကောင်းတာကြောင့် လူနာသွားကြည့်ဖို့ ဟိုမှာနှစ်ပတ်သွားနေမယ်ဆိုပြီး ကျွန်တော့်ကိုလရိပ်ကိုဂရုစိုက်ဖို့မှာပြီးအစောကြီးထွက်သွားတယ်။ကျွန်တော်ကတော့အစောကြီးနိုးနေတာကြောင့် ကော်ဖီကိုကိုယ့်ဘာသာအိုးထဲနှပ်ပြီး‌သောက်ခဲ့တယ်။

ကျွန်တော်ကော်ဖီသောက်နေတုန်း လရိပ်ကအပေါ်ထပ်ကနေဆင်းလာခဲ့တယ် ။ကျွန်တော့်ကိုသူညကစိတ်ဆိုးနေမှန်းသိလို့ ကျွန်တော်သူ့ကိုစကားမပြောမိအောင် သတိထားနေခဲ့တယ်။ပြီးတော့သူက မိဘတွေဘယ်သွားလဲ စမေးလာတော့ ကျွန်တော်ပျော်သွားခဲ့တယ် သူကျွန်တော့်ကိုစိတ်မဆိုးဘူးဘဲဆိုပြီးတော့ပေါ့။ပြီးတော့ သူကျွန်တော့်ကိုစိတ်မဆိုးတဲ့အချိန်မှာတော့ ကျွန်တော်သူ့ကိုရှိုင်းဆက်နဲ့မပက်သက်ဖို့ပြောခဲ့တယ် ကျွန်တော်အဲ့လိုပြောလိုက်တော့ သူ့မျက်နှာကရုတ်တရတ်အရောင်ပြောင်လာပြီးကျွန်‌ေတာ့်ကိုအပြစ်တင်ခဲ့တယ် ဟိုအရင်တုန်းကသူမျိုသိပ်ထားတာတွေပါကျွန်တော်ကိုထုတ်ပြောပြီးအပြစ်ဖို့လာခဲ့တယ် ကျွန်တော်ကတော့သူ့က်ုစိတ်မဆိုးပါဘူး သူ့ကိုကျွန်တော်ကသိပ်ချစ်တာကိုး။ပြီးတော့ကျွန်တော်က သူ့ကိုနင်အပျိုကြီး မလုပ်ရပါဘူး နင့်ကိုယူမယ့်သူအဆင့်သင့်ရှိပြီးသားလို့ပြောပြီးသူ့ကိုမြတ်နိုးစွာကြည့်ပြီးကော်ဖီဝိုင်းကနေထွက်လာခဲ့တယ် ။သူကတော့ကျွန်တော်ပြောတာကိုသဘောမပေါက်ဘဲ ခေါင်းကုတ်ပြီးကျန်နေခဲ့တယ်။ကျွန်တော်ကလည်း အဲဒီနင့်ကိုယူမယ့်သူက ငါလို့စိတ်ထဲမှာပြောပြီး အလုပ်ကိုလာခဲ့တယ်။ညနေရောက်တော့ ကျွန်တော်က မိုးချုပ်မှအလုပ်ပြီးလို့အိမ်ကိုနောက်ကျမှပြန်လာခဲ့တယ် ကျွန်တော်အိမ်ကိုရောက်တော့လ၀န်းရဲ့ဖိနပ်ကအပြင်မှာ မညီမညာဖြစ်နေသည်ကိုကျွန်‌ေတာ်တွေ့လိုက်တယ်။ပြီးတော့ ကျွန်တော်အ‌ေပါ်ထပ်ကိုတက်လာတော့ လ၀န်းအခန်းကနေ ညည်းညူသံကိုကြားလိုက်ပြီး ကျွန်တော်သွားကြည့်လိုက်တော့ လ၀န်းကကုတင်ကိုမှီ ဗိုက်ကိုနှိပ်ပြီး‌အော်ငိုနေတာကိုတွေ့တော့ကျွန်တော်စိုးရိမ်ပီ့းလ၀န်းအခန်းထဲ၀င်လိုက်တယ် လ၀န်းကိုကျွန်တော်မေးတော့ ဗိုက်အောင့်လို့နာတယ် ဘဲ ပြောပြီးအော်ငိုရင်း သတိမေ့သွားတယ် သူမေ့လဲသွားတော့ ကျွန်တော်ရင်ထဲမှာအဆမတန်တုန်လှုပ်သွားတယ် သူ့ကိုကျွန်တော်အမြန်ပွေ့ပြီးဆေးရုံကိုခေါ်သွားတယ် အဲဒီအချိန်မှာ ကျွန်တော့်အတွေးထဲမှာ လရိပ်ကိုအရင်ကိုအရင်ကထက် ပိုပြီးနက်ရှိုင်းစွာချစ်လာမိတယ် ဒီကောင်မလေးမရှိရင် ငါမနေတတ်ဘူးလို့အတွေးထဲ၀င်လာခဲ့တယ် ကျွန်တောါ့ခံစားချက်တွေကိုမဖုံးကွယ်ချင်တော့ဘူး ကျွန်တော့် ကိုအမကိုချစ်မိလို့ လူတွေကဲ့ရဲ့တာဘဲဖြစ်ဖြစ်ရှုံ့ချတာဘဲဖြစ်ဖြစ် ကျွန်တော်ရဲရဲဝံ့ဝံ့အပြောခံတော့မယ် လရိပ်ကကျွန်တော့်ဘ၀၊လရိပ်ကသာကျွန်တော့်ရဲ့အခိုက်အတန့်လို့ကျွန်တော်ယူဆတယ် အာ့ကြောင့်ဘယ်သူဘာဘဲပြောပြောကျွန်တော်ခံတော့မယ် ။
ကျွန်တော်ဆေးရုံရောက်တော့လရိပ်ကိုအမြန်ပွေ့ပြီး ဆရာ၀န်ဆီအမြန်ခေါ်သွားတယ်။လရိပ်ခွဲစိတ်ရမှာစိုးလို့ကျွန်တော့်ရင်ထဲမှာရုတ်တရတ်ကမ္ဘာပျိုတော့မလိုဖြစ်ခဲ့တယ် ကျွန်တော့်က လရိပ်ကိုတစ်ခုခုအဖြစ်မခံနိုင်တာမို့ ဆရာ၀န်ကိုမှာပြီးလရိပ်ကိုအစွမ်းကုန်ကုပေးဖို့ပြောခဲ့တယ်။လရိပ်အောင်မြင်စွာ ခွဲစိတ်လို့ပြီးတော့မှကျွန်တော့်ရင်ထဲက အပူတွေငြိမ်းသွားခဲ့တယ် ။လ၀န်းကိုVIPအခန်းထဲသို့ကျွန်တော်ရွှေ့ခိုင်းလိုက်ပြီး ကျွန်တော်လရိပ်ကို၀င်ကြည့်ခဲ့တယ်။ကျွန်တော့်လရိပ်ကိုကိုင်ပြီးစိတ်ထဲမှာ ပြောလိုက်မိတာက လရိပ်ကိုကျွန်တော်လက်မလွှတ်တော့ဘူး လရိပ်ကိုကျွန်တော်ခံစားချက်တွေတွေသိအောင်လုပ်ရမယ် လရိပ်ကိုကျွန်တော်တစ်ယောက်ဘဲပိုင်ရမယ် ။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now