Part 30

2.7K 48 0
                                    

(Uni)

ရှိန်းနှင့်လရိပ်သည် သူတို့မဂ်လာပွဲအတွက် လိုအပ်သော ပစ္စည်းအချို့ကို၀ယ်ရန် ကုန်တိုက်သို့ ဈေး၀ယ်ထွက်လာကြသည်။သူမက ရှိန်းရဲ့ လက်ကိုချိတ်ပြီး  သူမတို့လိုအပ်တာတွေကို နေရာအနံ့လျှောက်ကြည့်ပြီး ၀ယ်နေကြသည်။

"လရိပ် ကိုယ်တို့‌အိမ်မပြန်ခင် ဒီမှာ တစ်ခုခုစားပြီးမှပြန်မလား"

"အင်း ကောင်းသားဘဲရှိန်း အဲ့လိုဘဲ လုပ်ကြရအောင်  လရိပ်လည်း အခုဗိုက်ဆာနေတာ"

"အင်း အဟွန့်"

ရှိန်းနှင့်သူမက တစ်ယောက်ကိုတစ်ယောက်ပြုံးပြလိုက်ပြီး ထိုကုန်တိုက်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ ၀င်ပြီး စားသောက်နေလိုက်ကြသည်။

"လရိပ် ဘာစားမလဲ "

"ရှိန်း ကြိုက်တာမှာလေ  လရိပ်အကုန်စားတယ်"

"အင်း ဟုတ်ပြီးလရိပ်   ဟိတ်ညီလေး"

ရှိန်းက သူနဲ့သူမစား‌ သောက်ဖို့အတွက် စားစရာများကိုမှာရန် Waiter(စားပွဲထိုး)ကိုခေါ်လိုက်သည်။
စားပွဲထိုးက သူခေါ်လိုက်သည်နှင့် သူတို့အနားကိုအမြန်လျှောက်လာသည်။

"ဘာစားမလဲ အကို"

" ဟမ်ဘာဂါနှစ်ခုရယ် KFCကြက်ကြော်ရယ်နဲ့ သံပုရာ‌ရည်နှစ်ခွက်နော် မြန်မြန်လေးလုပ်ပေးနော် ဒီမှာ ဗိုက်အရမ်းဆာနေလို့"

"ဟုတ်ကဲ့ စိတ်ချပါ အကို"

သူက လရိပ်ကိုပြုံးကြည့်ပြီး ပြောလိုက်သည်ကြောင့် ထိုဝိတ်တာက သူပြောတာကို သဘောကျသွား၍ ပြုံးစိစိနှင့် ထိုနေရာကနေ အမြန်ဆုံးထွက်သွားလိုက်သည်။

"လရိပ် ဗိုက်အရမ်းဆာနေလား ခနလေးစောင့်ဦးနော် ကိုယ်က လရိပ်ကြိုက်တာချည်းမှာပေးထားတာ"

"အင်း ရှိန်း ကျေးဇူးဘဲ"

" ကျေးဇူးတင်တယ်ဆိုရင် ဒီလိုလေး ကျေးဇူးတင်ပါလား လရိပ် အဟွန့်"

ရှိန်း က သူ့ရဲ့ ပါးတစ်ဖက်ကိုထောက်ပြပြီး သူမကို ပြုံး၍ ပြောလိုက်သည်ကြောင့် သူမရှက်သွားပြီး ခေါင်းငုံ့ပစ်လိုက်သည်။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now