Part 34

2.2K 25 0
                                    

(Uni)

မနက်မိုးလင်းတော့ လရိပ်ပျိုတစ်ယောက် အစောကြီးနိုးနေခဲ့သည်။သူမအိပ်လို့၀သွားပြီးဖြစ်တော့ကြောင့် သူမအမြန်ထထိုင်လိုက်ပြီး သူမဘေးမှာ အိပ်နေသော ရှိန်းကို ကြည့်လိုက်သည်။ရှိန်းကတော့ လှုပ်တောင်မလှုပ်ဘဲ နှစ်ခြိုက်စွာ အိပ်နေတုန်းဘဲဖြစ်သည်။သူမရှိန်းကိုမြတ်နိုးစွာကြည့်လိုက်ပြီးနောက် ကုတင်ပေါ်ကနေ အမြန်ဆင်းပြီး ရေချိုးခန်းထဲ၀င်၍ ‌မျက်နှာသစ် သွားတိုက်ပြီး ရေအမြန်ချိုးလိုက်သည်။ဒီနေ့ သူမရယ် ရှိန်းရယ် မြင့်မိုရ်ရယ် မဂ်လာဖိတ်စာရိုက်ဖို့နဲ့ မဂ်လာ၀တ်စုံရွေးရမှာမို့ သူမရေချိုးပြီး ပြင်ဆင်ထားရမည်ဖြစ်သည်။သူမရေချိုးခန်းထဲကနေ ထွက်လာပြီးနောက် သူမ၏ ဗီဒိုထဲမှ အစိမ်းရောင်ဂါ၀န်ရှည်ကိုရွေးလိုက်သည်။ထို့နောက် သူမမျက်နှာကို နို့ရည်လိမ်းလိုက်ပြီး နှုတ်ခမ်းကိုပန်ဆီရောင်ဖျောဖျောဆိုးလိုက်သည်။သူမဆံပင်ကို မြင့်မြင့်စည်းလိုက်ပြီး သူမပုံကိုမှန်ထဲမှာ တစ်၀ကြီး ကြည့်လိုက်ပြီးမှ စိတ်တိုင်းကျစွာပြုံးလိုက်သည်။သူမမတ်တပ်ရပ်လိုက်ပြီး ရှိန်းဆီကိုလျှောက်လာခဲ့ပြီး ရှိန်းအိပ်နေသည့်ဘေးမှာ ဘေးစောင်းထိုင်ချပြီး ရှိန်းကိုနှိုးလိုက်သည်။

"ရှိန်း ရှိန်း ထတော့ ရှိန်း ဒီနေ့ လရိပ်တို့ မဂ်လာ၀တ်စုံသွားရွေးရမယ်မဟုတ်လား ထတော့နော် ရှိန်း လိမ္မာတယ်"

သူမရှိန်းကို အမြန်ထရန် လှုပ်၍ ခေါ်နှိုးလိုက်သည်။
ရှိန်းက မျက်ခုံးကြုံ့ထားပြီး အိပ်ရာကနေ မထချင်သေးသည့်ပုံပေါ်သည်။

"ဟင်း ကိုယ်မထချင်သေးဘူး လရိပ် ထပ်အိပ်ချင်သေးတယ်နော်"

"ဟာ မရဘူးလေ ရှိန်း ဒီနေ့လရိပ်တို့မဂ်လာပွဲအတွက် လိုအပ်တာတွေလုပ်ရဦးမယ်လေ ရှိန်းကလည်း ထပါနော် လိမ္မာတယ်  ရှိန်းရေ ယောကျာ်ရေ ထတော့နော်"

သူမချွဲပြီးခေါ်လိုက်မှ ရှိန်းက မျက်လုံးဖွင့်လိုက်၍ သူမကို ချစ်မြတ်နိုးစွာကြည့်လိုက်သည်။

"ကိုယ့်ကို အဲ့လိုနောက်တစ်ခေါက်လောက် ထပ်ခေါ်ပါဦး လရိပ် "

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now