Part 18

4.4K 54 0
                                    

(Uni)

မနက်မိုးလင်းတော့ သူမအစောကြီးနိုးနေခဲ့သည်။မနေ့ညက ရှိန်းအခန်းထဲကနေသူမပြေးထွက်လာ၍ သူမအခန်းထဲသို့၀င်ပြီး တစ်ညလုံးငိုနေခဲ့သည်။သူမတစ်၀ကြီးငိုလိုက်ပြီး မှတစ်၀ကြီးအိပ်ပစ်လိုက်သည်။ဒါပေမယ့်  သူမမနေ့ညကငိုထားသည်ကြောင့် သူမမျက်လုံးကမို့အစ်နေသည်။သူမရေချိုးခန်းထဲအမြန်၀င်ပြီး သွားအမြန်တိုက်ပြီး မျက်နှာသစ်လိုက်သည်။သူမ‌နေကောင်းသွားပြီးမို့ သင်တန်းပြန်တက်ရမည်ဖြစ်သည်။သူမအမြန်ပြင်ဆင်ပြီး အောက်ထပ်သို့ဆင်းလာလိုက်သည်။သူမအောက်ထပ်ကိုဆင်းလာလိုက်တော့ ‌ကော်ဖီဝိုင်းထဲမှာ အဖေရယ် အမေရယ် ရှိန်း ရယ် ကော်ဖီသောက်နေသည်။သူမသူတို့ကိုမျက်နှာလွှဲပြီး အိမ်ပေါက်၀သို့ထွက်ရန်ပြင်လိုက်စဉ် ...

"လရိပ်"

ထိုခေါ်သံကြောင့် သူမ‌ထွက်ဖို့ခြေလှမ်းတွေကိုရပ်လိုက်ပြီးနောက်လှည့်ကြည့်လိုက်သည်။ရှိန်းကသူမကိုခေါ်ပြီး သူမဆီကိုလျှောက်လာနေသည်။

"ဘာလဲ"

သူမရှိန်းကိုအပြုံးအရယ်မရှိတဲ့ မျက်နှာနဲ့မေးလိုက်သည်။

"လရိပ် နင်သင်တန်းသွားမလို့လား ငါလိုက်ပို့ပေးမယ်"

သူမသည်ရှိန်းကိုမျက်မှောင်ကြုံ့လျက်ကြည့်ပြီးပြန်ပြောလိုက်သည်။

"မလိုဘူး ငါ့ဟာငါသွားမယ်  နင်လိုက်ပို့စရာမလိုဘူး ရှိန်းသမ္ဘာ"

သူမထိုသို့ရှိန်းကိုအပြတ်ပြောပြီးထွက်သွားဖို့ပြင်လိုက်စဉ် ရှိန်းက သူမလက်ကိုဆွဲလိုက်သည်။သူမလက်ကိုရုတ်တရတ်ဆွဲထားတဲ့ ရှိန်းက်ုသူမမချိုမချဉ် ကြည့်လိုက်မိသည်။

"လရိပ် နင်ငါ့ကိုညက ကိစ္စအတွက်စိတ်ဆိုးနေတာလား"

"ငါ့လက်ကိုလွှတ် ရှိန်းသမ္ဘာ "

"မလွှတ်ဘူး လရိပ် "

"အခုချက်ချင်းလွှတ် မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့"

"ဟင်"

လရိပ်ကသူ့ကိုနာကျည်းသောမျက်လုံးနဲ့သူ့ကိုပြောလိုက်သည်။လရိပ်က သူ့ကိုအရမ်းနာကျည်းသွားပြီးလား ။လရိပ်ပုံစံက သူ့ကိုအရမ်းမုန်းပြီး နာကျည်းနေတဲ့ပုံပင်။သူလရိပ်လက်ကိုအမြန်လွှတ်ပေးလိုက်ရသည်။မဟုတ်ရင် လရိပ်သူ့ကိုကြည့်နေတဲ့ မီးလိုအကြည့်တွေကြောင့် သူအရည်ပျော်သွားနိုင်သည်။လရိပ်ကသူလက်အမြန်လွှတ်ပေးလိုက်သည်နှင့် အပြင်သို့အမြန်ဆုံးထွက်သွားလိုက်သည်။သူကအဲ့နေရာမှာ လရိပ်နောက်ကျောကိုကြည့်ပြီးကျန်ခဲ့သည်။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now