Part 23

3K 44 0
                                    

"လရိပ် လရိပ် လရိပ်"

လရိပ်ပျိုတစ်ယောက် အိပ်နေရင်း သူမလက်ကိုလှုပ်ပြီးနှိုး‌နေတဲ့လူကြောင့် သူမရဲ့မျက်လုံးကို အတင်းဖွင့်ပြီး သူမကိုနှိုးနေတဲ့လူကိုကြည့်လိုက်သည်။

"ကို ကိုရှိုင်း "

ရှိုင်းဆက်ကိုသူမရုတ်တရတ်တွေ့လိုက်ရသောကြောင့် သူမအံ့ဩသွားမိသည်။

ရှိုင်းဆက်ကသူမကိုပြုံး၍ကြည့်နေရင်း သူမလက်နှစ်ဖက်လုံးကိုကိုင်လိုက်သည်။သူမအိပ်နေသည့်အခန်းကိုသူမသေချာကြည့်လိုက်တော့ ဆေးရုံတစ်ရုံရဲ့အခန်းဖြစ်နေသည်။ဒီအခန်း၏ ဆိုဖာရှည်ပေါ်မှာ ရှိန်းက နှစ်ခြိုက်စွာအိပ်နေသည်။သူမရှိန်းအိပ်‌နေတာကိုကြည့်နေရင်းရှိုင်းဆက်ကသူမရဲ့မျက်နှာကိုဖြတ်ခနဲဆွဲယူပြီးသူ့ကိုကြည့်စေလိုက်သည်။

"ကိုယ်လရိပ်ကိုလာခေါ်တာ လရိပ် ကိုယ်တို့အတူတူထွက်ပြေးကြရအောင် ရှိန်းနဲ့လရိပ် လက်မထပ်ချင်ဘူးမဟုတ်လား ကိုယ့်ကိုဘဲ လရိပ်ချစ်တာမဟုတ်လား"

လရိပ်ကရှိုင်းဆက်ထိုသို့မေးလိုက်သည်ကြောင့် သူမခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီး ကိုယ်ကိုချစ်ရင် ကိုယ့်နောက်လိုက်ခဲ့ရမယ်  ဒါနဲ့ခနလေးစောင့် ကိုယ်တို့ရဲ့ ဆူးငှောင့်ခလုတ်ဖြစ်တဲ့လူကို ကိုယ်အရင်းရှင်းရဦးမယ် လရိပ် အဟာ့"

"ဟင်"

ရှိုင်းဆက်ကထိုသို့ပြောရင်း မဲ့ပြုံးပြုံးလိုက်သည်။သူမကလည်းရှိုင်းဆက်မျက်နှာထားကတစ်မျိုးပြောင်းလာသည်ကြောင့်အံ့ဩသွားသည်။ထိုအခါ ရှိုင်းဆက်ကသူ့ခါးမှာချိတ်ထားတဲ့ အရာတစ်ခုကိုထုတ်လိုက်သည်။

"ဟင်"

ရှိုင်းဆက်ထုတ်လိုက်သည်က သေနတ်တစ်လက်ဖြစ်နေတော့ကြောင့် သူမမျက်လုံးပြူးသွားပြီးလန့်သွားမိသည်။ရှိုင်းဆက်က ထိုသေနတ်ကိုကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည်။

"ကို ကိုရှိုင်း အဲ အဲဒီသေနတ်က ဘာ ဘာလုပ်ဖို့လဲ"

သူမကရှိုင်းဆက်ရဲ့ပုံစံကိုလန့်သွားမိပြီး အလန့်တကြားမေးလိုက်မိသည်။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now