Part 13🔞

17.1K 118 2
                                    

(Uni)

လရိပ်တစ်ယောက် အိမ်သို့ Taxiဖြင့် ပြန်လာခဲ့လိုက်သည်။သူမသည်ကားဆရာကို ကားခပေးလိုက်ပြီး အိမ်ပေါ်သို့တက်လာခဲ့သည်။သူမအခန်းထဲသို့၀င်လိုက်ပြီး သူမရဲ့လက်ဆွဲအိတ်ကိုအိပ်ရာ ကုတင်ပေါ်သို့ပစ်လိုက်သည်။သူမအိပ်ရာပေါ်သို့အိပ်ချလိုက်ပြီး ရှိန်းအကြောင်းကိုသူမတွေးလိုက်သည်။ရှိန်းက ဒေါသကြီးတာသူမသိသည်။ဒါပေမယ့် ရှိန်းဖြစ်နေတဲ့ပုံစံက အသိစိတ်ကင်းမဲ့နေတဲ့သူနဲ့တူနေသည်။သူမသာ၀င်မတားခဲ့ရင် ရူပါဆိုတဲ့မိန်းကလေး ရှိန်းလက်ချက်နဲ့အသက်ထွက်သွားလိမ့်မည်။သူမသည်ရှိန်းအကြောင်းစဉ်းစားနေတုန်းဖုန်းမြည်လာခဲ့သည်။သူမဖုန်းကိုကြည့်လိုက်‌တော့ သူမချစ်သူရှိုင်းဆက်ဆီကဖုန်းဖြစ်သည်။ထိုအချိန်တွင်သူမတစ်ချက်ပြုံးလိုက်ပြီး ဖုန်းကိုင်လိုက်သည်။

"ဟယ်လို ကိုရှိုင်း "

"လရိပ် အိမ်မှာလား"

"ဟုတ်"

"ကိုလရိပ်ကိုတွေ့ချင်တယ် လရိပ်အိမ်ကိုကိုယ်လာခဲ့မယ် အရမ်းသတိရတယ် ကိုယ်လာခဲ့မယ်နော်"

"ကို ရှိုင်း ခနလေး ကိုရှိုင်း မလာ.."

သူမပြောလို့ပင်မဆုံးသေး ရှိုင်းဆက်ကဖုန်းချလိုက်ပြီးဖြစ်သည်။သူမကချစ်သူလာမည်ဆိုသောကြောင့် ရေအမြန်ချိုးလိုက်သည်။သူမရေချိုးပြီးနောက် အလှမြန်မြန်ပြင်လိုက်သည်။သူမအလှပြင်ပြီးနောက် အောက်ထပ်သို့ဆင်းလာပြီး ဧည့်ခန်းက ဆိုဖာမှာထိုင်ပြီး ရှိုင်းဆက်ကိုစောင့်‌နေလိုက်သည်။ခနအကြာ သူမကားသံကြားလိုက်သည်။သူမထွက်ကြည့်လိုက်တော့ သူမရဲ့ချစ်ရသူရှိုင်းဆက်ဖြစ်နေသည်။ရှိန်းဆက်သည် အိမ်ထဲ၀င်လာသည်နှင့် သူမကိုလှမ်းဖက်လိုက်သည်။သူမကလည်း ရှိုင်းဆက်ကဖက်လိုက်တော့ ရင်လည်းခုန် ပျော်လည်းပျော်သွားသဖြင့် ရှိုင်းဆက်ကိုပြန်ဖက်လိုက်သည်။

"လရိပ်ရယ် ကိုယ်လွမ်းလိုက်တာ  "

"လရိပ်ကလည်း လွမ်းပါတယ် ကိုရှိုင်း"

ရှိုင်းဆက်ကသူမလက်ကိုကိုင်၍သူမကိုမြတ်နိုးစွာ ကြည့်လိုက်ပြီး သူမပါးကိုရွှတ်ခနဲနမ်းလိုက်သည်။သူမကလည်းရုတ်တရတ်အနမ်းခံလိုက်ရသည်ကြောင့် ရှက်သွားပြီးရှိုင်းဆက်လက်ကိုမနာအောင် ထုလိုက်သည် ။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now