Part 11

4.5K 79 1
                                    

(Uni)

ရှိန်းသည် သူတစ်ယောက်ရုံးခန်းထဲမှာထိုင်နေရင်း လရိပ်အကြောင်းကို ပြုံးပြီး တွေးနေမိသည်။မနက်က လရိပ်ကိတ်မုန့်စားနေတဲ့ပုံက ကလေးတစ်ယောက်လို  ချစ်စရာကောင်းနေသောကြောင့် သူလရိပ်ကို နမ်းပစ်ချင်စိတ်တောင် ပေါ်လာခဲ့သည်။သူလရိပ်ကိုမနမ်းမိသွားအောင် လို့ ကိုယ့်ကိုယ်ကို ထိန်းပြီး အလုပ်ကိုမြန်မြန်လာခဲ့လိုက်ရသည်။

"လရိပ် ငါကြာရင် ကိုယ့်ကိုယ်ကိုမထိန်းနိုင်တော့ဘဲ နင့်ကိုနမ်းမိသွားတော့မယ် နင်ဘာလို့အဲလောက်ချစ်ဖို့ကောင်းနေရတာလဲ ငါနင့်ကြောင့်ရူးတော့မှာဘဲ"

ရှိန်းတစ်ယောက်အတွေးထဲမှာ လရိပ်ရဲ့ချစ်စရာမျက်နှာလေးကို မြင်ယောင်ပြီး ပြုံးနေမိသည်။သူလရိပ်ကို အခြားသူလက်ထဲ အပါမခံနိုင်ပါ ။လရိပ်ကိုသူ့အသက်ထက် သူပိုချစ်သည်။သူလရိပ်အတွက်ဆို ဘာမဆိုပေးဆပ်ဖို့ အဆင့်သင့်ဖြစ်နေပြီးဖြစ်သည်။သူအတွေးထဲမှာ ကျင်လည်နေတုန်း ဖုန်းမြည်လာသည်။သူ့အတွင်းရေးမှူး မင်းပိုင်ဆီကဖြစ်သည်။

"ပြော မင်းပိုင်"

"Boss နိုင်ငံခြားက ကိုယ်စားလှယ်တစ်ယောက် ကBossနဲ့နဲ့တွေ့ချင်လို့ ဆိုပြီး မြန်မာနိုင်ငံကိုရောက်နေပါတယ်  သူအခုလေယာဉ်ကွင်းမှာပါ "

"အေး မင်းပိုင် ကားအဆင့်သင့်လုပ်ထားလိုက် ငါအခုဆင်းသွားလိုက်မယ် မင်းနဲ့ငါနဲ့သူ့ကိုသွားကြိုလိုက်တာပေါ့"

"ဟုတ်ကဲ့ Boss ကျွန်တော်အဆင်သင့်လုပ်ထားလိုက်ပါ့မယ်"

"အေး"

သူဖုန်းချလိုက်ပြီးသည်နှင့် သူ့ရဲ့ အပေါ် ကုတ်ကို၀တ်လိုက်ပြီး နိုင်ငံခြားက ကိုယ်စားလှယ်ကိုသွားကြိုရန် သူကုမ္ပဏီအောက်ကိုဆင်းသွားလေသည်။

...............
နေ့လည်ရောက်တော့အခါ လရိပ်သည် ဗိုက်ဆာလာသဖြင့် ရေခဲသေတ္တာထဲမှမနက်ကရှိန်း၀ယ်လာပေးတဲ့ ကိတ်မုန့်ကိုထုတ်ပြီး စားနေလိုက်သည်။သူမကိတ်မုန့်ကိုပလုပ်ပလောင်စားနေတုန်း အခန်းတံခါးပွင့်လာခဲ့သည် ။၀င်လာသည့် သူကမည်သူမှမဟုတ် ဒီမနက်ကမှသူမရဲ့Crushရာထူးက‌နေ ပြုတ်သွားသော သူမချစ်သူအသစ်စက်စက် ရှိုင်းဆက်ပင်ဖြစ်သည်။ရှိုင်းဆက်သည် ပန်းစည်းတစ်စည်းနှင့်အတူ သူမကိုပြုံးကြည့်ပြီး အခန်းထဲ၀င်လာသည်။သူမကလည်း ရုတ်တရုတ်မပြောမဆိုနဲ့ရောက်လာတော့ ချစ်သူကြောင့် အံ့လည်း အံ့ဩ ပျော်လည်း ပျော်သွားသည်။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now