Part 16

4.1K 58 0
                                    

(Uni)

ရှိန်းတစ်ယောက်အလုပ်ကိုစိတ်မပါစွာနဲ့လာခဲ့သည်။သူ့ခံစားချက်တွေကိုလရိပ်ကိုဒီနေ့ဖွင့်ပြောခဲ့သည်။လရိပ်ကသူ့ခံစားချက်တွေကိုမယုံဘဲသူ့ကိုလှောင်ခဲ့သည်။လရိပ်သူ့ကိုမုန်းသွားပြီးထင်သည် ။သူစဉ်းစားနေရင်း သူ့အတွင်းရေးမှူး မင်းပိုင်၀င်လာသည်။သူအတွင်းရေးမှူးမင်းပိုင်ကိုစိတ်မပါသောမျက်လုံးနဲ့ကြည့်ပြီး မင်းပိုင်လက်ထဲကဖိုင်ကိုယူပြီးလက်မှတ်ထိုးပေးလိုက်သည်။

"Boss "

"ပြော"

"Boss စုံစမ်းခိုင်းထားတဲ့ ရှိင်းဆက်ဆိုတဲ့လူအကြောင်း တွေအားလုံးသိလာခဲ့ပါပြီး ပြီးတော့ Bossသိထားသင့်တဲ့အကြောင်းလည်းပါပါတယ်"

သူသည်အစကမင်းပိုင် ရှိုင်းဆက်အကြောင်းကိုပြောပြမယ်ဆိုလို့ သူအခုချိန်မှာလရိပ်ကြောင့်စိတ်ညစ်နေတာကို မင်းပိုင်က ဟိုကောင်အကြောင်းပြောမယ်ဆိုတော့ကြောင့် သူနားမထောင်ချင်သေးပါ။ဒါပေမယ့် မင်းပိုင်က သူသိသင့်တဲ့အကြောင်းပါတယ်ဆိုသောကြောင့် သူခေါင်းညိတ်ပြီးနားစွင့်လိုက်သည်။

"ရှိုင်းဆက်ဆိုတဲ့လူက သဘော်သားပါ  အခုသူ့မှာစေ့စပ်ထားတဲ့သူရှိပါတယ် ပြီးတော့သူ့မှာတွဲနေတဲ့လူရှိပါတယ် "

"ဟာ ဘယ်လိုလဲ ဘာတွေလဲ အဲကောင်က စေ့စပ်နေတဲ့သူရှိရက်နဲ့အခုတွဲနေတဲ့လူလဲရှိတာလား ဘာလဲကွာ ဒီကောင်က တကယ့် စံဘဲ အဟာ့"

"သူတွဲနေတဲ့လူက ဘယ်သူမှမဟုတ်ပါဘူး Bossရဲ့ အမ လရိပ်ပျိုပါ"

"ဘာ!!!!"

အစက သူရှိုင်းဆက်မှာ စေ့စပ်ထားတဲ့သူလည်းရှိ တွဲနေတဲ့သူလည်းရှိတာကြောင့် သူအစကရှိုင်းဆက်ကိုခုဘဲလှောင်နေသေးသည်။အခု ရှိင်းဆက်တွဲနေတဲ့သူက သူအရမ်းချစ်ရတဲ့လရိပ်တဲ့လား။သူဒေါသထောင်းခနဲထွက်သွားမိသည်။လရိပ်ကိုရှိုင်းဆက်ဆိုတဲ့ကောင်နဲ့ မပက်သက်ဖို့သူတားခဲ့သည်။အခုလရိပ်က အဲ့ကောင်နဲ့ပက်သက်ရုံတင်မကဘူး ချစ်သူပါဖြစ်လိုက်သေးတာလား။သူလရိပ်ကိုအခုလိုတစ်ခါမှဒေါသမထွက်ဖူးပါ ။ပြီးတော့ရှိုင်းဆက်ဆိုတဲ့ကောင်က စေ့စပ်ထားတဲ့သူရှိရက်နဲ့ သူ့လရိပ်ကိုပါတွဲလိုက်သေးသည်။ဒီကောင်ကိုသူဒီအတိုင်းထားလို့မဖြစ်တော့ပါ။

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now