Part 21

3.6K 82 0
                                    

ခနကြာသောအခါ ရှိုင်းဆက်သည် သူမတို့ရက်ကွက်ရဲ့လမ်းထိပ်မှာ သူမကိုလာကြိုလိုက်သည်။သူမသည်ရှိုင်းဆက်ကားပေါ်တက်ပြီး ရှိုင်းဆက်ခေါ်ရာလိုက်ခဲ့သည်။ထို့နောက်ရှိုင်းဆက်နှင့်စကားအေးဆေးပြောဖို့ စားသောက်ဆိုင်‌တစ်နေရာကိုရွေးပြီး လာခဲ့လိုက်၏။စားသောက်ဆိုင်သို့ရောက်သော် ရှိုင်းဆက်ကသူမအတွက် အစားအသောက်တွေကိုမှာလိုက်ပြီးနောက် သူမကိုထိုသို့ပြောလိုက်သည်။

"လရိပ် ကိုယ့်ကို အရေးကြီးပြောစရာရှိလို့ဆို ဘာပြောမှာလဲပြော"

"ဟို လ လရိပ် ကိုရှိုင်းကိုပြောစရာလည်းရှိသလို ၀န်ခံစရာလည်းရှိတယ် ကိုရှိုင်း "

"ကဲ့ ပြောစေဗျာ ကိုယ့်လရိပ်ဘာပြောမလဲပြော"

"ဒါပေမယ့် တစ်ခုတော့ရှိတယ်ကိုရှိုင်း  လရိပ်ပြောပြလို့ပြီးရင်၀န်ခံလို့ပြီးသွားရင် လရိပ်ကိုစိတ်မဆိုးဖို့ လရိပ်တောင်းဆိုချင်တယ် ပြီးတော့ မမုန်းသွားဖို့လည်းပါတယ် ကိုရှိုင်း"

လရိပ်ထိုသို့ပြောလိုက်သည်ကြောင့် ရှိုင်းဆက်မျက်ခုံးပင့်သွားသည်။လရိပ်ကဘာပြောမှာမို့ဘာ၀န်ခံမှာမို့ သူ့ကိုအဲ့လိုတောင်းဆိုရတာလဲ အခုလရိပ်ပုံက လေးလေးနက်နက်ဖြစ်နေတဲ့ပုံပင်။

"ပြောပါ လရိပ် ကိုယ်နားထောင်နေပါတယ်"

လရိပ်သည်သူ့ကိုမျက်နှာငယ်နဲ့ကြည့်ပြီးထိုသို့ပြောလိုက်သည်။

"ကိုရှိုင်း တ တကယ်တော့လေ လရိပ်နဲ့ရှိန်းက မောင်နှမအရင်းတွေမဟုတ်ဘူး "

"ဟင်"

လရိပ်စလိုက်သည့်စကားကြောင့် ရှိုင်းဆက်အံ့ဩသွားမိပြီး "ဟင်" လိုရေရွတ်လိုက်မိသည်။ထို့နောက် လရိပ်ထပ်ပြောလာမယ့်စကားကိုသူစောင့်နေလိုက်သည်။

"လရိပ်အမေနဲ့ရှိန်းရဲ့အဖေက လရိပ်တို့၅နှစ်အရွယ်တုန်းကတည်းကယူထားကြတာ လရိပ်နဲ့ရှိန်းက ဘာသွေးသားမှမတော်ဆက်ဘူး ကိုရှိုင်း  အခု လရိပ်ကိုရှိန်းနဲ့ မိဘတွေက လက်ထပ်ဖို့စီစဉ်နေကြတယ် လရိပ်ရှိန်နဲ့ လက်မထပ်ချင်ဘူး လရိပ်ရဲ့ဘ၀လက်တွဲ‌ဖော်အနေနဲ့ ကိုရှိုင်းကိုဘဲ လရိပ်ရွေးချယ်ချင်တယ်"

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now