Part 36

2.2K 29 0
                                    

"ရှိုင်းဆက် ခွေးသူတောင်းစား ငါ့လရိပ်ကိုလွှတ်လိုက်စမ်း"

"ဟင်"

"ရှိန်း"

သူမကိုရှိုင်းဆက်က လက်ထပ်စာချုပ်မှာ လက်မှတ်ပေးထိုးခိုင်းပြီး သူမက လက်မခံနိုင်ဘဲ ငြင်းဆန်၍ ရုတ်ရင်းဆန်ခတ်ဖြစ်နေတုန်းမှာ ကြားလိုက်ရသည့် အသံကြောင့် သူမတို့အားလုံး အံ့ဩသွားကြကုန်သည်။

"ရှိုင်းဆက်  မင်း ငါ့လက်နဲ့ အသက်ထွက်မသွားခင် လရိပ်ကိုလွှတ်လိုက်"

ရူပါကျော်က ရှိန်းကိုတွေ့တော့ကြောင့် အရမ်း၀မ်းသာသွားပြီး ရှိန်းဆီကိုလာရန် ခြေလှမ်းလှမ်းလိုက်စဉ်...

"ရူပါကျော် မိန်းမယုတ် မင်းဘာလို့ဒီလိုလုပ်ရပ်မျိုးလုပ်ရတာလဲ မင်းကို ဒီ လောက်ကောက်ကျစ်ပြီးယုတ်မာလိမ့်မယ်လို့ ငါမထင်ထားဘူး"

ရူပါကျော်က ရှိန်း၏ သူမကိုပြောလိုက်သည့် နာကျင်စေသော စကားများကြောင့် ရှိန်းဆီကိုသွားဖို့ခြေလှမ်းများပင် ရပ်တန့်သွားရသည်။

"ရှိန်း လရိပ်ကို ကယ်ပါဦး အဟင့်"

လရိပ်ကို ရှိန်းကိုတွေ့လိုက်၍ အားကိုးတကြီးနှင့် ခေါ်ပြီး သူမကိုတုပ်ထားသော ကြိုးကနေ ရုန်း‌ပြီး လွတ်အောင်ကြိုးစားလိုက်သည်။ထိုအခါ ရှိုင်းဆက်က...

"ငြိမ်ငြိမ်နေစမ်း လရိပ် "

"ရှိုင်းဆက် ကျွန်မကိုလွှတ် အဟင့် ရှိန်း"

"ရှိုင်းဆက် မင်းလရိပ်ကိုလွှတ်လိုက် ခွေးသူတောင်းစား အမျိုးယုတ်ကောင် ငါ့လရိပ်ကို လွှတ်လိုက် မဟုတ်ရင် မင်းကိုငါ အရေခွံစုတ်ပစ်မယ်"

"အဟာ့ ရှိန်းသမ္ဘာ ငါ့ကိုမင်းခြိမ်းခြောက်တိုင်းကြောက်မယ့်ကောင်လို့ ထင်နေတာလား အရင်တုန်းကတော့ရမယ် အခုတော့လုံး၀မရတော့ဘူး ရှိန်းသမ္ဘာ အခုချိန်ကစပြီး မင်းလက်ကနေ လရိပ်ကို ငါရအောင်ယူတော့မှာမို့ မင်းငါ့ကိုခြိမ်းခြောက်လည်း ငါကြောက်တော့မယ်မထင်နဲ့ ငါက အရင်က မင်းအနိုင်ယူခဲ့ဖူးတဲ့ရှိုင်းဆက်မဟုတ်တော့ဘူး‌  အဲဒါမင်းသိထားလိုက်"

"ဟေ့ကောင် လရိပ်ကို ငါကမင်းလက်ထဲ လွယ်လွယ်ကူကူနဲ့ ထည့်လိမ့်မယ်လို့ မင်းကထင်နေတာလား  မျိုးမစစ်ကောင်  ငါ့လရိပ်ကို ထိတဲ့မင်းကို ငါ့လုံး၀အရှင်ထားမယ်မထင်နဲ့ "

ကျွန်တော်ပိုင်သော သူမ (Completed)Where stories live. Discover now